Thursday, March 3, 2016

Volta ao Algarve စုစည်းချက်။

Volta ao Algarve ပွဲ ပထမ နေ့ Marcel Kittel အနိုင်ရ...။
....
ပေါ်တူဂီနိုင်ငံမှာ ဒီနေ့စတင်ကျင်းပတဲ့ ၆ ရက်ကြာစက်ဘီးပွဲ ပထမ နေ့ (Lagos - Albufeira) 163.6 km ပွဲမှာ ဂျာမဏီမှ တာတိုဘုရင် Marcel Kittel (Ger) Etixx - Quick-Step က 3:52:35 နာရီနဲ့ ပထမ ရသွားပါတယ်။


သူ့နောက်မှာတော့ နောက်ထပ် ဂျာမဏီကပဲ တာတိုဘုရင် (မနှစ်က တိုးဒီဖရင့် မှာ ခြေစွမ်းပြထားသူ) André Greipel (Ger) Lotto Soudal က ဒုတိယနဲ့ Jasper Stuyven (Bel) Trek-Segafredo က တတိယ အဖြစ် ကပ်လျက် ပန်းဝင်ပါတယ်။
ပွဲစပြီးမကြာခင်မှာကတည်းက ၃ ဦးပါ Breakaway တခုထွက်ပြေးလွတ် မြောက်သွားပြီး ခရီးတ၀က်အကျိုးမှာ (ကီလို ၁၀၀ ကျော်မှာ) ၈ မီနစ်အထိ Peloton ကို ဖြတ်ထားနိုင်လိုက်ပါတယ်။ အဲဒီအချိန်ကျမှ နာမည်ကြီးအသင်း တွေက Peloton ကို ဦးဆောင်ပြီး အသားကုန်လိုက်တဲ့အတွက် ပန်းဝင်ကာ နီးမှ မီသွားပါတယ်။
ဒါပေမဲ့ ပန်းမ၀င်ခင် ၁၀ ကီလိုအတွင်း တိမ်းမှောက်မှု ၂ ကြိမ်ဖြစ်သွားခဲ့တဲ့ အတွက် စက်ဘီးသမားတချို့ ဒဏ်ရာရခဲ့ပါတယ်။ 
ဒီနေ့ပွဲမှာ အများရဲ့စိတ်ဝင်စားမှုကိုအခံရဆုံးပုဂ္ဂိုလ်ကတော့ မနှစ်က အီတလီ ၂၁ ရက်တာပွဲမှာ ပန်းရောင်အကျီရထားသူ Alberto Contador (Tinkoff) ပဲ ဖြစ်ပါတယ်။ သူနဲ့ အခြား GC နာမည်ကြီးတဦးဖြစ်သူ Geraint Thomas တို့ ဟာ ၂ စက္ကန့်နောက်ကျပြီးပန်းဝင်ခဲ့ပေမဲ့ စပိန်ပွဲမှာ အနီရောင်အကျီရထားသူ အီတလီလူငယ် Fabio Aru (Astana) ကတော့ ၁၁ စက္ကန့်နောက်ကျခဲ့ပါ တယ်။
ဒီနေ့ပွဲအပြီး ၁-၁၀ ရထားသူ တွေကတော့..
General classification after stage 1
# Rider Name (Country) Team Result
1 Marcel Kittel (Ger) Etixx - Quick-Step 3:52:25
2 André Greipel (Ger) Lotto Soudal 0:00:04
3 Jasper Stuyven (Bel) Trek-Segafredo 0:00:06
4 Wouter Wippert (Ned) Cannondale Pro Cycling 0:00:10
5 Victor Campanaerts (Ned) Team LottoNl-Jumbo
6 Salvatore Puccio (Ita) Team Sky
7 Tiago Machado (Por) Team Katusha
8 Alex Dowsett (GBr) Movistar Team
9 Roman Maikin (Rus) Gazprom-Rusvelo
10 Pawel Cieslik (Pol) Verva ActiveJet Pro Cycling Team တို့ ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Lagoa ကနေ Alto da Fóia (Monchique) အထိ 198.6 km ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
.....

Volta ao Algarve ပွဲ ဒုတိယနေ့ Luis Leon Sanchez အနိုင်ရ...။
...
ပေါ်တူဂီမှာ ၆ ရက်ကြာကျင်းပနေတဲ့ Volta ao Algarve ပွဲ ဒုတိယနေ့ (Lagoa ကနေ Alto da Fóia (Monchique) အထိ) 198.6 km ပြိုင်ပွဲမှာ စပိန်မှ Luis Leon Sanchez(Spa) Astana က 5h 08m 25s နာရီနဲ့ ပထမ ရသွား ပါတယ်။

သူ့နောက်မှာတော့ နာမည်ကြီး GC သမားတဦးဖြစ်သူ Geraint Thomas (GBr) Team Sky က ၁ စက္ကန့်နောက် ကျပြီး ဒုတိယနဲ့ Primoz Roglic (Slv) LottoNL-Jumbo က ၃ စက္ကန့် နောက်ကျပြီး တတိယရပါတယ်။
စပိန်က နာမည်ကြီး Alberto Contador (Tinkoff)နဲ့ အီတလီက နာမည်ကြီး Fabio Aru (Astana) တို့ကတော့ စက္ကန့် ၂၁ နဲ့ ၁၅ စက္ကန့်စီနောက်ကျပြီးမှ ပန်းဝင်နိုင်ခဲ့ကြပါတယ်။
၂ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
Geral/General
1. Luis León Sánchez (Astana), 9h00m50s
2. Geraint Thomas (Sky), a 5s
3. Primoz Roglic (Lotto NL-Jumbo), a 9s
4. Ion Izagirre (Movistar), a 13s
5. Tiago Machado (Katusha), a 15s တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Sagres ကနေ Sagres အထိ 18 km ကို (ITT) တဦး ချင်းစံချိန်ြ့ပုစီးကြဖို့ရှိနေပါတယ်။ ။
....

Volta ao Algarve ပွဲ ဒုတိယနေ့ Luis Leon Sanchez အနိုင်ရ...။
...
ပေါ်တူဂီမှာ ၆ ရက်ကြာကျင်းပနေတဲ့ Volta ao Algarve ပွဲ ဒုတိယနေ့ (Lagoa ကနေ Alto da Fóia (Monchique) အထိ) 198.6 km ပြိုင်ပွဲမှာ စပိန်မှ Luis Leon Sanchez(Spa) Astana က 5h 08m 25s နာရီနဲ့ ပထမ ရသွား ပါတယ်။

သူ့နောက်မှာတော့ နာမည်ကြီး GC သမားတဦးဖြစ်သူ Geraint Thomas (GBr) Team Sky က ၁ စက္ကန့်နောက် ကျပြီး ဒုတိယနဲ့ Primoz Roglic (Slv) LottoNL-Jumbo က ၃ စက္ကန့် နောက်ကျပြီး တတိယရပါတယ်။
စပိန်က နာမည်ကြီး Alberto Contador (Tinkoff)နဲ့ အီတလီက နာမည်ကြီး Fabio Aru (Astana) တို့ကတော့ စက္ကန့် ၂၁ နဲ့ ၁၅ စက္ကန့်စီနောက်ကျပြီးမှ ပန်းဝင်နိုင်ခဲ့ကြပါတယ်။
၂ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
Geral/General
1. Luis León Sánchez (Astana), 9h00m50s
2. Geraint Thomas (Sky), a 5s
3. Primoz Roglic (Lotto NL-Jumbo), a 9s
4. Ion Izagirre (Movistar), a 13s
5. Tiago Machado (Katusha), a 15s တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Sagres ကနေ Sagres အထိ 18 km ကို (ITT) တဦး ချင်းစံချိန်ြ့ပုစီးကြဖို့ရှိနေပါတယ်။ ။
...

Volta ao Algarve တတိယ နေ့ Cancellara အနိုင်ရ...။
...
ပေါ်တူဂီမှာ ၅ ရက်ကြာကျင်းပနေတဲ့ Volta ao Algarve တတိယနေ့ (Sagres ကနေ Sagres အထိ)18 km တဦးချင်းစံချိန်ပြု (ITT) ပွဲမှာ ဆွင်ဇလန်မှ နာမည်ကြီး GC သမားတဦးဖြစ်သူ Fabian Cancellara (Swi) Trek-Segafredo က 0:20:57 မီနစ်နဲ့ ပထမ ရသွားပါတယ်။

ဂျာမဏီမှ စံချိန်ပြုဆရာကြီး Tony Martin (Ger) Etixx - Quick-Step က 0:00:05 စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ Geraint Thomas (GBr) Team Sky က 0:00:28 နောက်ကျနဲ့ တတိယ ရပါတယ်။
ဒီပုဂ္ဂိုလ် ၃ ဦးစလုံးကို စက်ဘီးဝါသနာရှင်တွေကောင်းကောင်းမှတ်မိကြမယ် ထင်ပါတယ်။ မနှစ်က တိုးဒီဖရင့် ပထမ သတင်းပတ် အ၀ါရောင်အကျီရတဲ့ နေ့ တွေမှာ ကာစီလာလားရော၊ တိုနီမာတင်ရော ၂ ဦးစလုံး ဒလိမ့်ကောက်ခွေးလဲ ပြီး ဒဏ်ပြင်းတဲ့အတွက် ပြိုင်ပွဲကထွက်၊ ဆေးရုံတက် လနဲ့ချီ အနားယူလိုက်ခဲ့ ရသူတွေပါ။
သောမတ်စ်ကတော့ နောက်ဆုံးသတင်းပတ်မှာ ဂျိုင့်ထဲပြုတ်ကျပေမဲ့ ဘာမှ တော့မဖြစ်ခဲ့ပါဘူး။ တိုနီမာတင်ဟာ ဒီနေ့ ဒုတိယ သာရပေမဲ့ ၃ ရက်ပေါင်း ပထမ အဖြစ် အ၀ါရောင်အကျီကိုပါ ရသွားခဲ့ပါတယ်။ မနေ့ကအထိ အ၀ါရောင် အကျီရထားသူ Luis Leon Sanchez (Astana) ကတော့ ဒီနေ့ပွဲမှာ လဲချော်ပြီး မျက်နှာမှာဒဏ်ရာရသွားတဲ့အတွက် ပွဲကနေ ထွက်လိုက်ရပါတယ်။
ပွဲမစခင်က နာမည်ကြီးနေတဲ့ GC ဆရာကြီး ၂ ဦးဖြစ်သူ Alberto Contador (Spa) Tinkoff Team က 0:01:03 နောက်ကျပြီး နံပတ် ၁၃ နဲ့ Fabio Aru (Ita) Astana Pro Team က 0:01:47 မီနစ်နောက်ကျပြီး 49 နေရာကနေ ပန်းဝင်ပါတယ်။
၃ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 3
# Rider Name (Country) Team Result
1 Tony Martin (Ger) Etixx - Quick-Step 9:22:17
2 Geraint Thomas (GBr) Team Sky 0:00:03
3 Jon Izaguirre (Spa) Movistar Team 0:00:20
4 Tony Gallopin (Fra) Lotto Soudal 0:00:46
5 Thibaut Pinot (Fra) FDJ 0:00:47
6 Primoz Roglic (Slo) Team LottoNl-Jumbo 0:00:52
7 Tiago Machado (Por) Team Katusha 0:00:59
8 Ilnur Zakarin (Rus) Team Katusha 0:01:04
9 Jarlinson Pantano (Col) IAM Cycling 0:01:05
10 Alberto Contador (Spa) Tinkoff Team 0:01:07
11 Nelson Oliveira (Por) Movistar Team 0:01:09
12 Sébastien Reichenbach (Swi) FDJ 0:01:22
13 Zdenek Stybar (Cze) Etixx - Quick-Step 0:01:23
14 Robert Gesink (Ned) Team LottoNl-Jumbo 0:01:36
15 Amaro Antunes (Por) La Aluminios/Antarte 0:01:38
16 Tiesj Benoot (Bel) Lotto Soudal 0:01:42
17 Fabio Aru (Ita) Astana Pro Team တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့. S. Brás de Alportel ကနေ Tavira အထိ 194 km ကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
.....

Volta ao Algarve ၄ ရက်မြောက်နေ့ Marcel Kittel ပြန် အနိုင်ရ...။
...
ပေါ်တူဂီမှာ ၅ ရက်ကြာကျင်းပနေတဲ့ Volta ao Algarve ၄ ရက်မြောက်နေ့ (S. Brás de Alportel ကနေ Tavira အထိ) 194 km ပြိုင်ပွဲမှာ ဂျာမနီမှ နာမည်ကြီးတာတိုဘုရင် Marcel Kittel (Ger) Etixx - Quick Step က 4:46:35 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Wouter Wippert (Ned) Cannondale Pro Cycling Team နဲ့ Jens Debusschere (Bel) တို့က ဒု- တ ရပါတယ်။ ဒါပေမဲ့ အ၀ါရောင် အကျီပိုင်ရှင်ကတော့ အပြောင်းအလဲမရှိပဲ မနေ့ကအတိုင်း Tony Martin (Ger) Etixx - Quick-Step က ဆက်ထိမ်းထားဆဲဖြစ်ပါတယ်။
၎ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့..
...
General Classification
# Rider Name (Country) Team Result
1 Tony Martin (Ger) Etixx - Quick Step 14:08:57
2 Geraint Thomas (Gbr) Team Sky 0:00:03
3 Ion Izagirre (Spa) Movistar Team 0:00:20
4 Tony Gallopin (Fra) Lotto Soudal 0:00:41
5 Thibaut Pinot (Fra) Fdj 0:00:47
6 Primož Roglic (Slo) Team Lottonl - Jumbo 0:00:52
7 Tiago Machado (Por) Team Katusha 0:00:59
8 Ilnur Zakarin (Rus) Team Katusha 0:01:04
9 Jarlinson Pantano (Col) Iam Cycling 0:01:05
10 Alberto Contador (Spa) Tinkoff 0:01:07 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ နောက်ဆုံးနေ့အဖြစ် Almodôvar ကနေ Malhão (Loulé) အထိ 169 km ကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
......

Volta ao Algarve ပွဲပြီးစီး Thomas အ၀ါရောင်အကျီရ...။
...
ပေါ်တူဂီမှာ ၅ ရက်ကြာကျင်းပနေတဲ့ Volta ao Algarve ပွဲ နောက်ဆုံးနေ့
(Almodôvar ကနေ Malhão (Loulé) အထိ) 169 km ပြိုင်ပွဲမှာ စပိန်မှ နာမည်ကြီး GC ဆရာကြီး Alberto Contador (Spa) Tinkoff က 4:24:47 နာရီနဲ့ ပထမ ရသွားပါတယ်။
သူ့နောက်မှာတော့ အီတလီမှ နာမည်ကြီး GC လူငယ် Fabio Aru (Ita) Astana Pro Team က 0:00:20 နောက်ကျပြီး ဒုတိယနဲ့ ပြင်သစ်မှ နာမည် ကြီး GC သမား Thibaut Pino (Fra) Tfdj က တတိယ ရပါတယ်။

မနေ့ကအထိ အ၀ါရောင်အကျီရထားသူ Tony Martin (Ger) Etixx - Quick Step ဟာ တောင်အတက် အစောပိုင်းမှာကတည်းက ပြတ်ကျန်ခဲ့တဲ့အတွက် အ၀ါရောင်ကို စွန့်လိုက်ရပါတယ်။ ဒါကြောင့် မနေ့က ဒုတိယ ရနေပြီး ဒီနေ့မှာ လည်း ၂၈ စက္ကန့်အပြတ်နဲ့ ၅ နေရာကနေပန်းဝင်သူ ဗြိတိန်မှ GC ဆရာကြီး Geraint Thomas (Gbr) Team Sky က အ၀ါရောင်အကျီကို သိမ်းပိုက်သွား ပါတယ်။
ဒီနေ့ ပ-ဒု-တ ရသူရော၊ GC အတွက် ပ-ဒု-တ ရသူတွေရော အားလုံးဟာ မနှစ်က တိုးဒီဖရင့်နဲ့ အီတလီ၊ စပိန်ပွဲတွေမှာ အကြိတ်အနယ်ပြိုင်ခဲ့ဖူးသူတွေ ဖြစ်တာကြောင့် ပွဲဟာ အတော်စိတ်လှုပ်ရှားဘွယ်ဖြစ်ခဲ့ပါတယ်။
ဒါဟာ သောမတ်စ်အတွက် ၂၀၁၆ ပထမ ဆုံး အ၀ါရောင်အကျီရရှိခြင်းဖြစ်ပါ တယ်။ 
၅ ရက်တာပွဲအပြီး ၁-၁၀ ရသွားတဲ့ GC သမားတွေကတော့..
General Classification
# Rider Name (Country) Team Result
1 Geraint Thomas (Gbr) Team Sky 8:34:15
2 Ion Izagirre (Spa) Movistar Team 0:00:19
3 Alberto Contador (Spa) Tinkoff 0:00:26
4 Thibaut Pino (Fra) Tfdj 0:00:32
5 Primož Roglic (Slv) Team Lottonl - Jumbo 0:00:49
6 Tony Gallopin (Fra) Lotto Soudal 0:00:50
7 Ilnur Zakarin (Rus) Team Katusha 0:01:03
8 Jarlinson Pantano (Col) Iam Cycling 0:01:04
9 Fabio Aru (Ita) Astana Pro Team 0:01:25
10 Manuel Amaro (Por) Antunesla Aluminios - Antarte 0:01:27 တို့ဖြစ်ပါတယ်။ ။

No comments:

Post a Comment