Thursday, March 3, 2016

Tour de san Luis စုစည်းချက်။

Tour de san Luis ပွဲ GC အတွက် Dayer Quintana အနိုင်ရသွားပြီ။
...
အာဂျင်တီးနားနိုင်ငံမှာ သီတင်းတပတ်ကြာကျင်းပနေတဲ့ Tour de san Luis
နောက်ဆုံးနေ့ပွဲစဉ်မှာ Jakub Mareczko က ပထမရပြီး ရ ရက်ပေါင်း GC အတွက်တော့ Dayer Quintana က ပထမ ရသွားပါတယ်။


ဒီနေ့ နောက်ဆုံးနေ့ပွဲစဉ်အဖြစ် san Luis မြို့ပတ် 119.6 km ပြိုင်ပွဲမှာ Jakub Mareczko (Ita) Italy က 2:36:51 နာရီနဲ့ ပထမ ရသွားပါတယ်။ လွတ်လွတ် ကျွတ်ကျွတ်ရတာမျိုးမဟုတ်ပဲ တသင်းတည်းက Elia Viviani (Ita) Italy အပြိုင်ဝင်ပြီး ပန်းဝင်ဓာတ်ပုံအဆုံးအဖြတ်နဲ့ ရသွားတာဖြစ်ပါတယ်။ 
သူ့တို ၂ ဦးနောက်မှာတော့ Jason Lowndes (Aus) Drapac နဲ့ ကမ္ဘာ့ချန်ပီ ယံ Peter Sagan (Svk) Tiknoff တို့က ၃ နဲ့ ၄ ရပါတယ်။
ဒါပေမဲ့ အများစိတ်ဝင်စားနေတဲ့ GC စာရင်းကတော့ မနေ့ကအတိုင်း အပြောင်းအလဲမလုပ်နိုင်ပဲ Dayer Quintana က စက္ကန့် ၂၀ အသာနဲ့ ပထမ။ Eduardo Sepulveda (Arg) Fortuneo Vital Concept က ဒုတိယနဲ့ ကင်တားနား (အကို) က ၃၅ စက္ကန့်နောက်ကျနဲ့ တတိယ ရသွားပါတယ်။
ဒါဟာ ကင်တားနား (ညီ) အတွက် ပထမ ဆုံး မဟာအောင်ပွဲဖြစ်ပါတယ်။ သူ တို့ညီအကိုရဲ့ အတွဲလိုက် ခြေစွမ်းကို ဒီနှစ်ကောင်းကောင်းမြင်ရတော့မှာဖြစ်ပါ တယ်။
ပွဲအပြီး ၁-၁၀ ရသွားတဲ့ GC သမားတွေကတော့...
Final general classification after stage 7
# Rider Name (Country) Team Result
1 Dayer Quintana (Col) Movistar Team 22:52:12
2 Eduardo Sepulveda (Arg) Fortuneo Vital Concept 0:00:20
3 Nairo Quintana (Col) Movistar Team 0:00:35
4 Miguel A. Lopez (Col) Astana Pro Team 0:00:38
5 Ilia Koshevoy (Blr) Lampre-Merida 0:01:42
6 Rodolfo Torres (Col) Androni Giocattoli 0:02:15
7 Rafal Majka (Pol) Tinkoff-Saxo 0:02:31
8 Janier Acevedo (Col) Team Jamis 0:02:44
9 Roman Villalobos (CRc) Costa Rica 0:02:59
10 Andre Cardoso (Por) Cannondale 0:03:31 တို့ဖြစ်ပါတယ်။
အခု အာဂျင်တီးနားကပွဲနဲ့ သြစီကပွဲတွေပြီးသွားတဲ့အခါ လကုန်တဲ့အထိ ပွဲတွေနားမှာဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလဆန်း ၃ ရက်ကနေ ၆ ရက်အထိ Dubai Tour လာမှာဖြစ်ပြိး အဲဒီပွဲကိုတော့ Euro Sport က LIVE ပြမယ်လို့ တရားဝင်ကြေညာထားပါတယ်။ ။
.......

Tour de san Luis ၆ ရက်မြောက်နေ့ Lopez အနိုင်ရ။
...
အာဂျင်တီးနားနိုင်ငံမှာ သီတင်းတပတ်ကြာကျင်းပနေတဲ့ Tour de san Luis ၆ ရက်မြောက်နေ့ La Toma ကနေ Filo de la Sierra de Comechingones အထိ 159.5 km ပြိုင်ပွဲမှာ Miguel Angel Lopez (Col) Astana Pro Team က 4:35:49 နာရီနဲ့ ပထမ ရသွားပါတယ်။


ဒီနေ့ ပထမရလိမ့်မယ်လို့ အများကမှန်းထားတဲ့ နာမည်ကြီး GC သမား Nairo Quintana (Col) Movistar Team ကတော့ 0:00:02 စက္ကန့်နောက်ကျပြီး ဒုတိယ ဖြစ်သွားပါတယ်။ သူ့နောက်မှာတော့ တသင်းတည်းမှ သူရဲ့ညီ Dayer Quintana (Col) Movistar Team က 0:00:04 စက္ကန့်နောကျက်ပြီး တတိယ ဖြစ်သွားပါတယ်။
သူတို့ညီအကိုကိုကြည့်ရတာ ညီကခြေကုန်နေပေမဲ့ အကိုက မကုန်သေးပါ။ ပထမ ရအောင်ယူမယ်ဆိုရနိုင်ရဲ့နဲ့ ဘာကြောင့်မယူလိုက်သလဲ။ GC ပါ မရလို့ မယူလိုက်တာလား။ တခုခုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မနေ့ကတည်းက GC ရဖို့ ၃ စက္ကန့်သာလိုတော့တဲ့ ကင်းတားနား အငယ်ဟာ ဒီနေ့ GC ပထမ ဖြစ်သွားခဲ့ပါ ပြီ။
ကင်းတားနားအကြီးက ၃၅ စက္ကန့်အပြတ်နဲ့ တတိယ နေရာမှာရှိနေပြီး ဒီနေ့ ပထမရတဲ့ Lopez က ၂၀ စက္ကန့်အပြတ်နဲ့ ဒုတိယ နေရာမှာရှိနေပါတယ်။
ဒီနေ့ပွဲဟာ ပထမ ပိုင်းမှာမြေပြန့်များပေမဲ့ နောက်ဆုံး ၁၀ ကီလိုလောက်က တော့ လုံးဝ တောင်တက်ဖြစ်ပါတယ်။ ပထမ ပိုင်းမှာ ၃ ဦးအုပ်စုတခု ၅ မီနစ် လောက်အထိလွတ်သွားခဲ့ပေမဲ့ နောက်ဆုံးတောင်အတက်မှာ အားလုံးကို ပြန် ဖမ်းမိသွားခဲ့ပါတယ်။
၆ ရက်တာအပြီး ၁-၁၀ GC သမားတွေကတော့..
General classification after stage 6
# Rider Name (Country) Team Result
1 Dayer Quintana (Col) Movistar Team 20:15:21
2 Eduardo Sepulveda (Arg) Fortuneo Vital Concept 0:00:20
3 Nairo Quintana (Col) Movistar Team 0:00:35
4 Miguel A. Lopez (Col) Astana Pro Team 0:00:38
5 Ilia Koshevoy (Blr) Lampre-Merida 0:01:42
6 Rodolfo Torres (Col) Androni Giocattoli 0:02:15
7 Rafal Majka (Pol) Tinkoff-Saxo 0:02:31
8 Roman Villalobos (CRc) Costa Rica 0:02:41
9 Janier Acevedo (Col) Team Jamis 0:02:44
10 Andre Cardoso (Por) Cannondale 0:03:31 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ နောက်ဆုံးနေ့အဖြစ်
San Luis ကနေထွက်ပြီး San Luis ပြန်ဝင်မဲ့ 119.6 km ကိုဆက်လက်ယှဉ် ပြိုင်ကြမှာဖြစ်ပါတယ်။ ကင်းတားနားအငယ်ပဲ ရသွားမလား။ တခြားတဦးဦး များ ထပ်ရနိုင်သေးသလား။ စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ။
...
ချန်ပီယံ ညီအကိုအတွဲများလား...
...
ဒီနေ့ထူးထူးခြားခြား (တကယ်တော့ မနေ့ကတည်းက) တွေ့မိတာက ကင်တားနား တို့ ညီအကိုရဲ့ခြေစွမ်းပါ။ တကယ်ဆို မနှစ်ကပွဲတွေအထိ ကင်တားနားရဲ့ညီ စက်ဘီးစီးလောက မှန်းရှိနေမှန်းမသိပါ။ အခုတော့ ချက်ချင်းကြီး ကမ္ဘာ့ထိပ်တန်းအဆင့်ထိ ရောက်လာတာ အံ့သြဘွယ်ပါ။
အခုတိုင်းဆို Tour de san Luis ရဲ့ချန်ပီယံဟာ ကင်းတားနားတို့ ညီအကိုရသွားတာ သေချာ သွားပါပြီ။ ဒီကနေတဆင့် တိုးဒီဖရင့်အပါဝင် လာမဲ့ပွဲစဉ်တလျောက်မှာ သူတို့ညီအကိုနှစ်ဦး တွဲပြီး ခြေစွမ်းပြမှာသေချာတာမို့ တောင်တက်ပွဲကောင်းတွေကို ကောင်းကောင်းမြင်ခွင့်ရ တော့မှာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ၅ နှစ်က တိုးဒီဖရင့်မှာ ဒုတိယနဲ့ တတိယ ရခဲ့တဲ့ လူဇင်းဘတ်မှ
Schleck တို့ညီနောင်ကိုသွားသတိရမိပါတယ်။ သူတို့ညီအကိုထဲကတဥိးဟာ အခုချိန်ထိ စီးနေဆဲဖြစ်ပေမဲ့ အသက် ၄၀ ကျော်သွားလို့ ထိပ်တန်းတော့ သိပ်တက်မလာနိုင်တော့ပါ။
ဘယ်လိုပဲဖြစ်ဖြစ် လာမဲ့ပွဲတွေမှာ ကိုလံဘီယာမှ ကင်တားနားတို့ ညီအကိုခြေစွမ်းကို ကောင်းကောင်းမြင်ရတော့မှာဖြစ်ပါတယ်။ ။
.......

Tour de san Luis ၅ ရက်မြောက်နေ့ Tivani အနိုင်ရ။
...
အာဂျင်တီးနားနိုင်ငံမှာ သီတင်းတပတ်ကြာကျင်းပနေတဲ့ Tour de san Luis ၅ ရက်မြောက်နေ့ Renca ကနေ Juana Koslay အထိ 168.7 km ပြိုင်ပွဲမှာ
German N. Tivani (Arg) Argentina က 3:37:39 နာရီနဲ့ ပထမ ရသွားပါ တယ်။

သူ့နောက်မှာတော့ Daniel Diaz (Arg) Delko-Marseille-KTM နဲ့ Emiliano Ibarra (Arg) S.E.P. San Juan တို့က ကပ်လျက်ပန်းဝင်ပြီး ဒုတိယနဲ့ တတိ ယ ရသွားပါတယ်။
သူတို့ ၃ ဦးစလုံးဟာ ၄ ဦးပါ Breakaway အုပ်ထဲကဖြစ်ပြီး တာထွက်ပြီးမကြာ ခင် ကတည်းကနေ ပန်းဝင်တဲ့အထိ Peloton ပြန်မဖမ်းနိုင်ပဲ လွတ်သွား တာဖြစ် ပါတယ်။ 
ပုံမှန်အားဖြင့်ဆိုရင် ဒီနေ့ဟာ မြေပြန့်ပွဲဖြစ်တဲ့အတွက် ပီတာဆာဂန်တို့လို Sprinter တွေအနိုင်ရလိမ့်မယ်လို့ အများက ခန့်မှန်းထားတာပါ။ ဒါပေမဲ့ Breakaway အဖွဲ့ဟာ ပန်းဝင်ဖို့ ၁၁၀ ကီလိုအလိုမှာ ၅ မီနစ်အထိ Peloton ကိုဖြတ်ထားနိုင်ခဲ့ပြီး ၃၀ အလိုမှာတော့ ၂ မီနစ်ကျော်ကျော်ပဲ ကျန်ပါတယ်။
Peloton အဲဒီလိုအရှိန်တင်ပြီး ရှေ့က ၃ ဥိးကို အမိပြန်ဖမ်းဖို့ကြိုးစားနေစဉ် ဘာကြောင့်မှန်းမသိပဲ (လဲစရာအကြောင်းမရှိတဲ့ လမ်းဖျောင့်ကြီးပေါ်မှာ) Peloton ရှေ့တည့်တည့်ကတဦးစလဲပြီး ဒါဇင်နဲ့ချီပြိုလဲတာကို မြင်လိုက်ရ ပါတယ်။
အဲဒီထဲမှာ GC နာမည်ကြီးတွေပါတဲ့ မူဗီစတားနဲ့ တီးအော့ အသင်းတွေ အဓိ က ပါသွားပါတယ်။ ကင်တားနားပါသွားပြီး သူ့ရဲ့အသင်းဖေါ်တဥိး (Adriano Malori) ဆိုရင် ပွဲနေ တောင်ထွက်လိုက်ရပါတယ်။
ဒီလိုနဲ့ အရှိန်ပြန်ကြသွားတာကြောင့် ရှေက ၃ ဦးဟာ လွတ်လွတ်ကျွတ်ကျွတ် ပန်းဝင်သွားနိုင်တာဖြစ်ပါတယ်။
၅ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 5
# Rider Name (Country) Team Result
1 Eduardo Sepulveda (Arg) Fortuneo Vital Concept 15:39:29
2 Dayer Quintana (Col) Movistar Team 0:00:03
3 Nairo Quintana (Col) Movistar Team 0:00:42
4 Miguel A. Lopez (Col) Astana Pro Team 0:00:51
5 Roman Villalobos (CRc) Costa Rica 0:01:06
6 Janier Acevedo (Col) Team Jamis 0:01:09
7 Ilia Koshevoy (Blr) Lampre-Merida 0:01:22
8 Rafal Majka (Pol) Tinkoff-Saxo 0:01:36
9 Andre Cardoso (Por) Cannondale 0:01:37
10 Rodolfo Torres (Col) Androni Giocattoli တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ La Toma ကနေ Filo de la Sierra de Comechingones အထိ 159.5 km ကို ဆက်လက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ။
......

Tour de San Luis ၄ ရက်မြောက်နေ့ တောင်တက်ပွဲ Eduardo Sepulveda တကိုယ်တော်အနိုင်ရ...။
....
အာဂျင်တီးနားနိုင်ငံမှာ သီတင်းတပတ်ကြာကျင်းပနေတဲ့ Tour de San Luis ၄ ရက်မြောက်နေ့ Terrazas del Portezuelo ကနေ Cerro El Amago အထိ 140 km တောင်တက်ပွဲမှာ အိမ်ရှင်တဦးဖြစ်သူ Eduardo Sepulveda (Arg) Fortuneo - Vital Concept က 4:00:35 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Janier Alexis Acevedo Colle (Col) Team Jamis က 0:00:54 စက္ကန့်နောက်ကျပြီး တကို်ယ်တော် ဒုတိယ ရပါတယ်။ အဲဒီ နောက်မှာတော့ Roman Villalobos (CRc) Costa Rica နဲ့ Dayer Uberney Quintana Rojas (Col) Movistar Team တို့က 0:01:31 မီနစ် နောက်ကျပြီး တပြိုင်တည်းပန်းဝင်လာပါတယ်။
Quintana အမည်ချင်းတူတဲ့အပြင် အသင်းကလဲ တူနေတဲ့အတွက် GC နာ မည်ကြီး ကင်တားနားလားလို့ အများကထင်လိုက်ပေမဲ့ တကယ်တော့ တယောက်စီဖြစ်ပါတယ်။ (ကင်တားနား ညီအကိုဖြစ်နိုင်ပါတယ်)။ 
တကယ့် ကင်တားနား (Nairo Alexander Quintana Rojas (Col) Movistar Team) က 0:02:10 မီနစ်နောက်ကျပြီးမှ အခြား GC ပြိုင်ဖက် တွေဖြစ်တဲ့ Ilia Koshevoy (Blr) Lampre - Meridaယ Miguel Angel Lopez Moreno (Col) Astana Pro Team, Rafal Majka (Pol) Tinkoff Team တို့နဲ့အတူ ပန်းဝင်လာတာတွေ့ရပါတယ်။
နောက်ထပ် GC နာမည်ကြီးတဦးဖြစ်တဲ့ အီတလီမှ Vincenzo Nibali (Ita) Astana Pro Team ကတော့ 0:05:37 မီနစ်အထိနောက်ကျပြီး နံပတ် ၃၇ ကနေ ပန်းဝင်လာတဲ့အတွက် ၁-၁၀ စာရင်းကနေ ပြုတ်သွားခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ကင်တားနားရလိမ့်မယ်လို့ အတော်များများက ခန့်မှန်းထားပေမဲ့ မှန်းထားသလိုဖြစ်မလာခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ GC စာရင်းထဲမှာ နံပတ် ၄ မှာ ဆက်ရှိနေဆဲဖြစ်ပြီး ၄၂ စက္ကန့်ပဲပြတ်နေတာကြောင့် ၇ ရက်စလုံးပြီးရင် ပထမ ရနိုင်တဲ့ အနေအထားမှာရှိနေဆဲဖြစ်ပါတယ်။
၎ ၇က်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General Classification after stage 4
# Rider Name (Country) Team Result
1 Eduardo Sepulveda (Arg) Fortuneo - Vital Concept 12:00:16
2 Dayer Uberney Quintana Rojas (Col) Movistar Team 0:00:03
3 Rodrigo Contreras (Col) Etixx - Quick-Step 0:00:38
4 Nairo Alexander Quintana Rojas (Col) Movistar Team 0:00:42
5 Miguel Angel Lopez Moreno (Col) Astana Pro Team 0:00:51
6 Daniel Moreno Fernandez (Spa) Movistar Team 0:00:56
7 Roman Villalobos (CRc) Costa Rica 0:01:06
8 Janier Alexis Acevedo Colle (Col) Team Jamis 0:01:09
9 Ilia Koshevoy (Blr) Lampre - Merida 0:01:22
10 Rafal Majka (Pol) Tinkoff Team 0:01:36 တို့ဖြစ်ပါတယ်။
မနက်ဖြန် (ဒီနေ့) မှာတော့ Renca ကနေ Juana Koslay အထိ 168.7 km ကီလိုမီတာကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
.....
Tour de San Luis တတိယနေ့ Peter Koning အနိုင်ရ။
...
အာဂျင်တီးနားနိုင်ငံမှာ သီတင်းတပတ်ကြာကျင်းပနေတဲ့ Tour de San Luis ပြိုင်ပွဲ တတိယနေ့ Potrero de Los Funes ကနေ La Punta (Cabildo) အထိ 131 km ပွဲမှာ Peter Koning (Ned) Drapac Professional Cycling က 3:08:41 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Fernando Gaviria Rendon (Col) Etixx - Quick-Step၊ Travis Mccabe (USA) Holowesko / Citadel p/b Hincapie Sportswear နဲ့ Peter Sagan (Svk) Tinkoff Team တို့က ၁.၃၇ စက္ကန့်စီ နောက်ကျပြီး အုပ်စုလိုက် ပန်းဝင်လာကြပါတယ်။
ပထမ ရသွားတဲ့ Koning ဟာ ၄ ဦးပါ Breakaway အဖွဲ့ထဲကဖြစ်ပါတယ်။ သူတို့ ၄ ဦးအဖွဲ့ဟာ ပထမ ၂ နာရီအတွင်း ၆ မီနစ်အထိ Peoloton ကိုဖြတ် ထားနိုင်ခဲ့ပါတယ်။ ပီတာဆာဂင်အပါဝင် အုပ်စုတခုလုံး အရှိန်တင်ပြီးလိုက် ပေမဲ့ နောက်ကျသွားပုံရပါတယ်။
ပန်းဝင်ဖို့နောက်ဆုံး ကီလိုတွေအတွင်းမှာမှ Koning က ကျန် ၃ ဦးကိုချန်ထား ခဲ့ပြီး တကိုယ်တော်ထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပါတယ်။ အဲဒီအချိန် နောက်မှာပြတ်ကျန်နေတဲ့အုပ်စု အံသြလောက်အောင် အရှိန်တင်လိုက်ပြီး အခုလို ဒု နဲ့ တ ရသွားတာဖြစ်ပါတယ်။
၃ ရက်တာပွဲအပြီး ၁-၁၀ ရသွားတဲ့ GC သမားတွေကတော့...
General classification after stage 3
# Rider Name (Country) Team Result
1 Peter Koning (Ned) Drapac Professional Cycling 7:57:43
2 Fernando Gaviria (Col) Etixx - Quick-step 0:00:06
3 Maximiliano Richeze (Arg) Etixx - Quick-step 0:00:22
4 Rodrigo Contreras (Col) Etixx - Quick-step
5 Dayer Uberney Quintana Rojas (Col) Movistar Team 0:00:30
6 Nairo Quintana (Col) Movistar Team
7 Daniel Moreno Fernandez (Spa) Movistar Team
8 Peter Sagan (Svk) Tinkoff Team 0:00:39
9 Miguel Angel Lopez Moreno (Col) Astana Pro Team
10 Vincenzo Nibali (Ita) Astana Pro Team တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Terrazas del Portezuelo ကနေ Cerro El Amago အထိ 140 km ကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
........

Tour de San Luis ဒုတိယနေ့ Fernando အနိုင်ရ။
...
အာဂျင်တီးနားနိုင်ငံမှာ မနေ့ကစတင်ကျင်းပတဲ့ Tour de San Luis သီတင်းတပတ်ကြာပွဲရဲ့ ဒုတိယနေ့ပွဲစဉ် San Luis ကနေ Villa Mercedes အထိ ၁၈၂ ကီလိုမီတာပြိုင်ပွဲမှာ Fernando Gaviria (Col) Etixx-QuickStep က 4:23:54 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ တာတိုဘုရင် ကမ္ဘာ့ချန်ပီယံ Peter Sagan (Slk) Tinkoff Team နဲ့ Elia Viviani (Ita) Team Italy တို့က ဒုတိယနဲ့ တတိယ ရပါတယ်။
Juan Curuchet (Argentina), Ariel Sivori (Los Matanceros), Emiliano Ibarra (S.E.P. San Juan), Israel Nuño (Inteja – MMR), Genki Yamamoto (Nippo Vini Fantini) နဲ့ Caio Godoy (Brazil) တို့ ၅ ဦးပါ Breakaway အဖွဲ့တခုဟာ ပန်းဝင်ဖို့ ကီလို ၂၀ အလိုအထိ ၅ မီနစ်ကျော်အထိ Peloton ကိုဖြတ်ထားနိုင်ခဲ့ ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ အုပ်စုအတွင်း သဘောထားကွဲပြီး တဦးကိုတဦး အပြန်အလှန်တိုက်ခိုက်ရင်းနဲ့ အင်အားဖြုန်းတီးသလိုဖြစ်သွားခဲ့ပါတယ်။ ၁၀ ကီလိုအလိုမှာ ၂ မီနစ်ခွဲပဲကျန်ပြီး ပန်းဝင်ဖို့ မီတာ ၅၀၀ အလိုကျမှ Peloton က ပြန်ဖမ်းမိသွားပါတယ်။
၂ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 2
# Rider Name (Country) Team Result
1 Fernando Gaviria (Col) Etixx-QuickStep 4:47:37
2 Max Richeze (Arg) Etixx-QuickStep 0:00:10
3 Lukasz Wisniowski (Pol) Etixx-QuickStep
4 Dayer Quintana (Col) Movistar 0:00:18
5 Adriano Malori (Ita) Movistar Team
6 Nairo Alexander Quintana Rojas (Col) Movistar Team
7 Marc Soler (Spa) Movistar Team
8 Daniel Moreno Fernandez (Spa) Movistar Team
9 Peter Sagan (Slk) Tinkoff Team 0:00:27
10 Valerio Agnoli (Ita) Astana Pro Team တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Potrero de Los Funes ကနေ La Punta (Cabildo) အထိ 131 km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။
....

Tour de San Luis ဖွင့်ပွဲ Etixx - Quick-Step အသင်း အနိုင်ရ။
...
အာဂျင်တီးနားမှာ ဒီနေ့စတင်တဲ့ Tour de San Luis ဖွင့်ပွဲ ၂၁ ကီလိုမီတာ အသင်းလိုက် စံချိန် ပြုပွဲမှာ Etixx - Quick-Step အသင်းက ၂၃ မီနစ် ၅၃ စက္ကန့်နဲ့ ပထမ ရသွားပါတယ်။

နာမည်ကြီး ကင်တားနားတို့ရဲ့ Movistar Team က 0:00:08 စက္ကန့်နောက်ကျ ပြီး ဒုတိယ၊ နီဘာလီတို့ရဲ့ Astana အသင်းက 0:00:18 စက္ကန့်နောက်ကျပြီး တတိယနဲ့ ပီတာဆာဂန်တို့ရဲ့ Tinkoff Team က 0:00:24 စက္ကန့်နောက်ပြီး တတိယ ဖြစ်သွားပါတယ်။
မနက်ဖြန်မှာတော့ San Luis ကနေ Villa Mercedes အထိ ၁၈၁ ကီလိုမီတာ ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။
.......
Results (provisional)
# Rider Name (Country) Team Result
1 Etixx - Quick-Step 0:23:53
2 Movistar Team 0:00:08
3 Astana 0:00:18
4 Tinkoff Team 0:00:24
5 UnitedHealthcare Professional Cycling Team 0:00:54
6 AG2R La Mondiale 0:00:56
7 Delko Marseille Provence KTM 0:00:58
8 Androni Giocattoli - Sidermec 0:00:59
9 Cannondale
10 Drapac Professional Cycling 0:01:00

No comments:

Post a Comment