Wednesday, March 9, 2016

Tirreno-Adriatico ပွဲမှာ Peter Sagan ပြန်လာမယ်...။

Tirreno-Adriatico ပွဲမှာ Peter Sagan ပြန်လာမယ်...။
...
ပြင်သစ်မှာ Paris-Nice တာဝေးပွဲ အရှိန်ကောင်းနေစဉ် အီတလီမှာလည်း သီတင်းတပတ်ကြာ တာဝေးပွဲတခု မနက်ဖြန် စတင်ဖို့ရှိနေပါတယ်။ 
အဲဒီပွဲအတွက် ဒီနေ့ညနေပိုင်းက သတင်းစာရှင်းပွဲပြုလုပ်ပြီး GC ဆရာကြီး တွေဖြစ်တဲ့ Vincenzo Nibali (Astana), Tejay van Garderen (BMC), Rigoberto Uran (Cannondale), Esteban Chaves (Orica-GreenEdge) နဲ့ Alejandro Valverde (Movistar) ၅ ဦးတိုနဲ့အတူ တာတို ဘုရင် သို့မဟုတ် Classics rider ပီတာ Sagan (Tinkoff) လည်း တက် ရောက်ခဲ့ပါတယ်။


Paris-Nice တာဝေးပွဲ ဒုတိယနေ့ Matthews ကို အနိုင်ပေး။

Paris-Nice တာဝေးပွဲ ဒုတိယနေ့ Matthews ကို အနိုင်ပေး။
...
ပြင်သစ်မှာ သီတင်းတပတ်ကြာကျင်းပနေတဲ့ Paris-Nice တာဝေးပွဲ ဒုတိယ နေ့ (Contres ကနေ Commentry အထိ) 214 km မှာ Nacer Bouhanni (Fra) Cofidis, Solutions Credits က 5:04:26 နာရီနဲ့ ပထမ ရသွားပါတယ်။

Tuesday, March 8, 2016

Paris-Nice ပထမနေ့တာဝေးပွဲ Demare အနိုင်ရ။

Paris-Nice ပထမနေ့တာဝေးပွဲ Demare အနိုင်ရ။
...
ပြင်သစ်မှာ မနေ့ကစတင်တဲ့ Paris-Nice သီတင်းတပတ်ကြာပွဲစဉ် ပထမနေ့ တာဝေးပွဲ (Condé-sur-Vesgre ကနေ Vendôme အထိ) 195 km မှာ Arnaud Demare (Fra) FDJ က 4:29:53 နာရီနဲ့ ပထမ ရသွားပါတယ်။


Monday, March 7, 2016

UCI Track ပွဲမှာ Cavendish နဲ့ Wiggins တို့အတွဲ ရွှေရ...။

UCI Track ပွဲမှာ Cavendish နဲ့ Wiggins တို့အတွဲ ရွှေရ...။
...
လန်ဒန်မှာ သီတင်းတပတ်ကြာကျင်းပခဲ့တဲ့ UCI Track World Championships ပွဲအတွင်း ဗြိတိန်မှ လမ်းပေါ်ပွဲတွေရဲ့ ချန်ပီယံ (တိုးဒီဖရင့် လက်ရှိတာတိုဘုရင်နဲ့ တိုးဒီဖရင့် ၂၀၁၂ တာဝေးချန်ပီယံဟောင်း) Mark Cavendish နဲ Bradley Wiggins တို့အတွဲက Madison ပွဲမှာ ရွှေတံဆိပ်ရသွားပါတယ်။


Paris-Nice ပထမနေ့ စံချိန်ပြုပွဲ Matthews အနိုင်ရ။

Paris-Nice ပထမနေ့ စံချိန်ပြုပွဲ Matthews အနိုင်ရ။
...
ပြင်သစ်မှာ ဒီနေ့စတင်တဲ့ Paris-Nice သီတင်းတပတ်ကြာပွဲစဉ် ပထမနေ့ 6.1km တဦးချင်းစံချိန်ပြု ITT ပွဲမှာ Michael Matthews (Aus) Orica-GreenEdge က 0:07:39 မီနစ်နဲ့ ပထမ ရသွားပါတယ်။

Strade Bianche 2016 ပွဲ Cancellara အနိုင်ရ။

Strade Bianche 2016 ပွဲ Cancellara အနိုင်ရ။
...
အီတလီနိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ Spring Classcis နွေဦး အထူးပွဲ Strade Bianche ၁၇၆ ကီလိုပြိုင်ပွဲမှာ ဆွင်ဇလန်မှ Classcis ဆရာကြီး (မနှစ်က တိုးဒီဖရင့်မှာ အ၀ါရောင်အကျီရထားစဉ် မဟာလဲပြိုမှုအတွင်းပါတဲ့အတွက် ဒဏ်ရာကြောင့် ပွဲကနေ ထွက်လိုက်ရသူ) Fabian Cancellara (Swi) Trek-Segafredo က 4:39:35 နာရီနဲ့ ပထမ ရသွားပါတယ်။


မနှစ်က ချန်ပီယံဖြစ်ခဲ့သူ Zdenek Stybar (Cze) Etixx - Quick-Step က နှာ တဖျားနောက်ကျပြီး ဒုတိယ ဖြစ်သွားပါတယ်။ သူ့ရဲ့အသင်းဖေါ် ရှေ့ကနေ ဦး ဆောင်ပြေးပေးခဲ့သူ Gianluca Brambilla (Ita) Etixx - Quick-Step က 0:00:04 စက္ကန့်နောက်ကျပြီး တတိယ ဖြစ်သွားပါတယ်။

Saturday, March 5, 2016

Strade Bianche 2016 ပွဲမှာ Peter Sagan ပထမ ရနိုင်သလား...။

Strade Bianche 2016 ပွဲမှာ Peter Sagan ပထမ ရနိုင်သလား...။
...
ဒီနေ့ (စနေနေ့ နေ့လည်) ကျင်းပမဲ့ အီတလီနိုင်ငံက Strade Bianche 2016 ပွဲမှာ အနိုင်ရအောင်စီးဖို့ သူ့အပေါ် ဖိအားပေးမှုတွေရှိနေတယ်ဆိုတဲ့ပြောဆို ချက်ကို Peter Sagan ကငြင်းဆိုလိုက်ပါတယ်။ 


ပွဲမကျင်းပခင် တရက်အလို အမျိုးသမီးကမ္ဘာ့ချန်ပီယံ Lizzie Armitstead နဲ့ အတူကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း သူက အခုလိုပြောသွားတာပါ။ ပြီးခဲ့ တဲ့သီတင်းပတ်က ဘယ်လဂျီယံမှာကျင်းပတဲ့ Spring Classics ၂ ပွဲအတွင်း သူဟာ ဒုတိယနဲ့ နံပတ် ၆ နေရာတွေသာရအပြီး ဒီလိုဝေဖန်မှုတွေ ထွက်ပေါ် လာတာပါ။