Thursday, March 3, 2016

Pro Cyclist ဖြစ်ချင်တဲ့ အီသီယိုပီးယားသူ...။

အီသီယိုပီးယားသူက ဥရောပမှာ Pro Cyclist ဖြစ်ချင်လို့တဲ့...။
...
အီသီယိုပီးယားလို့ပြောလိုက်ရင် စစ်ပွဲတွေကြားက ဆင်းရဲငတ်ပြတ်နေတဲ့ နိုင်ငံတခုအဖြစ်သာ မြန်မာတွေ ပြေးမြင်လေ့ရှိပါတယ်။ မှန်ပါတယ်။ တချိန် က အဲဒီလိုဖြစ်ခဲ့ပါတယ်။ မြန်မာထက် အခြေအနေအများကြီးဆိုးခဲ့ပါတယ်။ 




ဒါပေမဲ့ အခြေအနေဆိုတာ အမြဲတန်းဆိုးမနေပါ (မြန်မာလို နှစ် ၆၀ မနားတန်း ပြည်တွင်း စစ်ဖြစ်နေတဲ့နိုင်ငံ အတော်ရှား)။ အခုချိန်မှာ အဲဒီ အီသီယိုပီးယား မြန်မာရဲ့ ရှေ့ ကိုရောက်နေပြီဆိုတာ အသိအမှတ်ပြုရပါလိမ့်မယ်။ 
နိုင်ငံရေးနဲ့ စီးပွါးရေးတင်ရှေ့ရောက်တာမဟုတ်။ ဟောဒီမှာ အားကစားဖက်ကို လည်းကြည့်ပါဦး။ အသက် ၂၂ နှစ်အရွယ် အီသီယိုပီးယားသူက ဥရောပမှာ Pro Cyclist အဖြစ် ၀င်စီးဖို့ပြင်နေပါသတဲ့။ ကဲ... မြန်မာနိုင်ငံက စက်ဘီးသ မားတွေ ဘယ်လိုလဲ။
အသက် ၂၂ နှစ်အရွယ် အီသီယိုပီးယားသူ Hadnet Asmelash ဟာ တနိုင်ငံ တည်းက ပရိုစက်ဘီးသမား Tsgabu Grmay (Lampre-Merida) ရဲ့ ရည်စား ဖြစ်ပါတယ်။ မနှစ်ကကျင်းပတဲ့ Giro d'Italia ပွဲစဉ်တလျောက်လုံး သူရည်စား ရဲ့ပြိုင်ပွဲဝင်ဟန်ကို သူမ လိုက်ကြည့်အားပေးခဲ့ပါတယ်။
ဒါပေမဲ့ သူမ ကိုယ်တိုင်လည်း အီသီယိုပီးယားရဲ့ စက်ဘီးချန်ပီယံ ဆိုတာကို လူ တွေသိပ်မသိလိုက်ပါဘူး။ Tsgabu Grmay က အီတလီမှာနေပြီး သူမက အီသီယိုပီယားမှာ နေဆဲဖြစ်တဲ့အတွက် သူတို့နှစ်ဦး သိပ်မတွေ့ဖြစ်ဘူးလို့ ဆို ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ မော်ရကိုနိုင်ငံ Casablanca မြို့မှာ ကျင်း ပတဲ့ African Continental Championships မှာ သူတို့နှစ်ဦးစလုံး ၀င်ပြိုင်ခဲ့ ပါတယ်။ အဲဒီပွဲမှာ Hadnet ဟာ နံပတ် ၉ နေရာသာချိတ်ပေမဲ့ ပထမ ရသူ နမီးဘီးယားမှ Vera Adrian ထက် ၁၀ စက္ကန့်ပဲနောက်ကျပါတယ်။
"ကျမရဲ့အိမ်မက်ကတော့ ဥရောပမှာ ပြိုင်ပွဲဝင်နိုင်ရေးပါပဲ" လို့ Hadnet က ပြောပါတယ်။ ဒါပေမဲ့ တခါတလေတော့ ဒီအိမ်မက်ပေါ်သံသယ၀င်မိပါတယ်။ ဘာကြောင့်လဲဆို တိကျတဲ့ကမ်းလှမ်းချက်မရသေးလို့ပါလို့ သူမကဆိုပါတယ်။


ဒါပေမဲ့ သူရဲ့ ရည်းစား Grmay ကတော့ စိတ်မပျက်ဖို့အားပေးပါတယ်။ ဘာ ကြောင့်လဲဆို အာဖရိကန် လူမည်းတဦး ဥရောပမှာသွားစီးဖို့ဆိုတာ သိပ် မ လွယ်တဲ့အကြောင်း၊ သူ စပြီးသွားစီးစဉ်ကလည်း အတော်ခက်ခဲခဲကြောင်း၊ အမျိုးသမီးတဦးအနေနဲ့ဆို ပိုခက်နိုင်တယ်လို့ပြောပါတယ်။
Hadnet Asmelash ဟာ အီသီယိုပီးယားနိုင်ငံ မြောက်ပိုင်းရှိ အမြင့်မီတာ ၂၄၀၀ ကျော်မှာ မနက်တိုင်း လေ့ကျင့်ရေး ဆင်းနေပါတယ်။ ညနေပိုင်းမှာ အင်္ဂလိပ်စာလေ့လာပါတယ်။ သူမဟာ တခြား အမျိုးသမီး ၆ ဦး၊ အမျိုးသား ၁၈ ဦးနဲ့အတူ အိမ်ကြီးတခုကိုငှားထားပြီး ၀ိုင်းစုနေကြပါတယ်။
ဒီအဆောက်ဦတွက်သူ့ရဲ့အသင်း TransEthiopia က ထောက်ပံ့ပေးထားပြီး သူမဟာ အမျိုးသားစက်ဘီသမားတွေလို တလအတွက် အီသီငွေ ၃၃၀၀ သို့မဟုတ် ဒေါ်လာ ၁၅၅ ရပါတယ်။ သူမကို ဒေသတခုလုံးက သိပြီး အောင် မြင်မှုဆက်ရဖို့မျှော်လင့်နေကြပါတယ်။ ။

No comments:

Post a Comment