Wednesday, March 9, 2016

Tirreno-Adriatico ပွဲမှာ Peter Sagan ပြန်လာမယ်...။

Tirreno-Adriatico ပွဲမှာ Peter Sagan ပြန်လာမယ်...။
...
ပြင်သစ်မှာ Paris-Nice တာဝေးပွဲ အရှိန်ကောင်းနေစဉ် အီတလီမှာလည်း သီတင်းတပတ်ကြာ တာဝေးပွဲတခု မနက်ဖြန် စတင်ဖို့ရှိနေပါတယ်။ 
အဲဒီပွဲအတွက် ဒီနေ့ညနေပိုင်းက သတင်းစာရှင်းပွဲပြုလုပ်ပြီး GC ဆရာကြီး တွေဖြစ်တဲ့ Vincenzo Nibali (Astana), Tejay van Garderen (BMC), Rigoberto Uran (Cannondale), Esteban Chaves (Orica-GreenEdge) နဲ့ Alejandro Valverde (Movistar) ၅ ဦးတိုနဲ့အတူ တာတို ဘုရင် သို့မဟုတ် Classics rider ပီတာ Sagan (Tinkoff) လည်း တက် ရောက်ခဲ့ပါတယ်။





ပြီးခဲ့တဲ့ စနေက အီတလီမှာကျင်းပတဲ့ Classics ပွဲ၊ အရင်တပတ်က ဘလဂျီ ယံပွဲတွေမှာ ပထမ မရတဲ့အပေါ် သတင်းသမားတွေက မေးခွန်းထုတ်ပေမဲ့ သူ က လှည့်ပတ်ရှောင်ပြီး အခုသတင်းစာရှင်းပွဲဟာ Tirreno-Adriatico အတွက် သာဖြစ်တယ်လို့ နောက်ပါတယ်။
အဲဒီပွဲတွေဟာ လေ့ကျင့်ခန်းသဘောသာဖြစ်ပါတယ်။ တပွဲပြီးတပွဲ အခြေအနေ တိုးတက်လာတယ်၊ I hope my form is growing ဖြစ်လာတယ်လို့ သူကဖြေပါ တယ်။ ကျွမ်းကျင်သူတွေရဲ့အဆိုအရကတော့ stages 2, 3, 4 နဲ့ 6 တွေဟာ ဆာဂန်အတွက် ကွက်တိဖြစ်နေတာကြောင့် ဒီသီပတ်အတွင်းမှာ ကမ္ဘာချန်ပီယံ အကျီဝတ်ထားတဲ့ ဆာဂန် ၂၀၁၆ အတွင်း ပထမ ဆုံးအကြိမ်အဖြစ် ပထမ ရနိုင် တယ်လို့ သူတို့က တွက်ထားပါတယ်။



တခြား GC သမားတွေထဲမှာတော့ Tejay van Garderen (BMC) ဟာ အလား အလာအတော်ကောင်းတယ်လို့ အကဲခတ်တွေကဆိုပါတယ်။ ဒါပေမဲ့ Vincenzo Nibali (Astana) နဲ့ Alejandro Valverde (Movistar) တို့ဟာလဲ ပြီးခဲ့တဲ့လက သီတင်းတပတ်တာပွဲတွေမှာ GC ပထမ ရထားသူတွေမို့ လျော့ တွက်လို့တော့ မဖြစ်ပါ။
သူတို့နဲ့အတူ နောက်ထပ်ပါလာမဲ့ နာမည်ကြီးတဦးကတော့ တနေ့က လန်ဒန် ကွင်းတွင်းပွဲမှာ ရွှေတံဆိပ်ရထားသူ Cavendish (Dimension Data team) ဖြစ်ပါတယ်။

ပွဲဟာ ၉ ရက်နေ့ကနေ ၁၅ ရက်အထိ ၇ ရက်ကြာမှာဖြစ်ပြီး မနက်ဖြန် ပထမ နေ့အဖြစ် Lido di Camaiore ကနေ Lido di Camaiore အထိ 22.7km ကီလိုမီတာ (TTT) အသင်းလိုက်စံချိန်ပြု ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

No comments:

Post a Comment