Thursday, March 3, 2016

Spring Classics နှင့် မတ်လအတွင်းလာမဲ့ ပွဲများ။

ဥရောပရဲ့ ပွဲဦးထွက် Spring Classics ဒုတိယနေ့ Stuyven အနိုင်ရ။
...
ဥရောပအလယ်ပိုင်း ဘလဂျီယံနိုင်ငံမှာ Spring Classics ဒုတိယနေ့အဖြစ် ဆက်တိုက်ကျင်းပတဲ့ Kuurne-Brussel-Kuurne ကီလိုမီတာ ၂၀၀.၇ ပြိုင် ပွဲမှာ Jasper Stuyven (Bel) Trek-Segafredo က 4:53:50 နာရီနဲ့ တကိုယ် တော် ပထမ ရသွားပါတယ်။




သူ့နောက်မှာတော့ Peloton ထဲကနေ အုပ်စုလိုက်ပန်းဝင်လာသူတွေထဲက Alexander Kristoff (Nor) Team Katusha က အသားကုန် Sprint တင်ပြီး 0:00:17 စက္ကန့်နောက်ကျနဲ့ ဒုတိယ၊ Nacer Bouhanni (Fra) Cofidis, Solutions Credits က တတိယ ရပါတယ်။
သူတို့နဲ့အတူတပြိုင်တည်းပန်းဝင်ကြတဲ့ ၄-၁၀ စာရင်းကတော့ ...
4 Dylan Groenewegen (Ned) Team LottoNl-Jumbo
5 Lukasz Wisniowski (Pol) Etixx - Quick-Step
6 Niccolo Bonifazio (Ita) Trek-Segafredo
7 Peter Sagan (Svk) Tinkoff Team
8 Edward Theuns (Bel) Trek-Segafredo
9 Jonas Vangenechten (Bel) IAM Cycling
10 Scott Thwaites (GBr) Bora-Argon 18 တို့ဖြစ်ပါတယ်။
ဒီနေ့ တကိုယ်တော် ပထမ ရသွားသူ Jasper Stuyven ဟာ မနေ့ကပွဲမှာ လဲပြိုမှုအတွင်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တိုက်ခိုက်မှုအတော်များများကိုလုပ်ခဲ့ပြီး အဲဒီထဲကတခုကတော့ ပန်းဝင်ဖို့ ကီလို ၃၀ အလိုမှာ ကမ္ဘာ့ချန်ပီယံ ပီတာဆာဂန်ကို ချန်ထားပြီး ပြေး ထွက်နိုင်ခဲ့ခြင်းပါ။

၃၀-၄၀ စက္ကန့်အသာနဲ့ ရှေ့မှာတကိုယ်တော်ပြေးနေတဲ့သူ့ကို Peloton က မကြာခင်မိသွားလိမ့်မယ်လို့ထင်ထားခဲ့ပေမဲ့ သူကတော့ အဲဒီလို ထင်ထားပုံ မရပါဘူး။ နောက်ကိုတောင်လှည့်မကြည့်တော့ပဲ အသားကုန်တင်သွားတဲ့ အတွက် ပန်းဝင်တဲ့အထိ ၁၇ စက္ကန့်အသာနဲ့ လွတ်သွားခဲ့ပါတယ်။
...
ဒီပွဲအပြီးမှာတော့ ဖေဖေါ်ဝါရီလအတွင်းမှာ တခြားပွဲမရှိတော့ပါဘူး။ ဒါပေမဲ့ မတ်လထဲမှာ ပွဲတွေအများကြီးရှိနေပါတယ်။ မတ်လ ၂ ရက်ကနေ ၆ ရက်နေ့ အထိ UCI Track World Championships ကို London မှာကျင်းပဖို့ရှိနေ ပါတယ်။ ဒီပွဲမှာ လမ်းပေါ်ချန်ပီယံတွေအများစုပါမှာမဟုတ်ပေမဲ့ တိုးဒီဖရင့် ချန်ပီယံဟောင်း Wiggins နဲ့ နာမည်ကြိး တာတိုဘုရင် Cavendish ပါမှာ ဖြစ်တဲ့အတွက် အများရဲ့ စိတ်ဝင်စားမှုအထူးရနေပါတယ်။

တပြိုင်တည်းမှာပဲ 04 to 06 March မှာ Driedaagse van West-Vlaanderen လမ်းပေါ်ပွဲတခု Belgium မှာရှိပါတယ်။ ပြီးရင် 05 March မှာ အမျိုးသမီးလမ်းပေါ်ပွဲ Strade Bianche Women တခုရှိပါတယ်။
...
အဲဒီပွဲတွေအပြီးမှာတော့ ဒီနေ့ပွဲမှာပါတဲ့ နာမည်ကြီးတွေအပါဝင် ကမ္ဘာ့ အကျော်အမော်အားလုံးနီးပါးဝင်ပြိုင်ကြမဲ့ သတင်းတပတ်ကြာ 06 to 13 March၊ Paris - Nice တာဝေးပွဲကြီးတခုရှိနေပါတယ်။


တချိန်တည်းမှာပဲ 06 to 10 March မှာ Tour de Taiwan ပွဲတခု ထိုင်ဝမ်မှာ ကျင်းပဖို့ရှိနေပါတယ်။
ကမ္ဘာ့အကျော်အမော်တွေပါဝင်မဲ့ နောက်ထပ်ပွဲတခုကတော့ 09 to 15 March မှာ အီတလီမှာကျင်းပမဲ့ Tirreno-Adriatico တာဝေးပွဲဖြစ်ပါတယ်။



....
အဲဒီတာဝေးပွဲ ၂ ခုကို မ၀င်တဲ့သူတွေကတော့ ဒီနေ့ပွဲလို Spring Classics တရက်တာပွဲကြမ်းတွေဖြစ်တဲ့ 16 March, Nokere Koerse - Danilith Classic Road Flanders 1.HC နဲ့ 19 March, Milan-San Remo Road Italy WT ပွဲတွေကို ၀င်ပြိုင်ကြမှာဖြစ်ပါတယ်။

...
Spring Classics ကိုမ၀င်တဲ့ တာဝေးသမားတွေကတော့ 21 to 27 March မှာ စပိန်မှာကျင်းပမဲ့ Volta Ciclista a Catalunya ပွဲကို ၀င်ပြိုင်ကြမှာဖြစ်ပါ တယ်။ ဒါကြောင့် မတ်လမှာ ပွဲကြီးပွဲကောင်းအများအပြားကို စိတ်ဝင်တစား စောင့်ကြည့်ရဖို့ရှိနေပါကြောင်း ကြိတင် အစီရင်ခံအပ်ပါတယ်။ ။

No comments:

Post a Comment