Monday, March 7, 2016

UCI Track ပွဲမှာ Cavendish နဲ့ Wiggins တို့အတွဲ ရွှေရ...။

UCI Track ပွဲမှာ Cavendish နဲ့ Wiggins တို့အတွဲ ရွှေရ...။
...
လန်ဒန်မှာ သီတင်းတပတ်ကြာကျင်းပခဲ့တဲ့ UCI Track World Championships ပွဲအတွင်း ဗြိတိန်မှ လမ်းပေါ်ပွဲတွေရဲ့ ချန်ပီယံ (တိုးဒီဖရင့် လက်ရှိတာတိုဘုရင်နဲ့ တိုးဒီဖရင့် ၂၀၁၂ တာဝေးချန်ပီယံဟောင်း) Mark Cavendish နဲ Bradley Wiggins တို့အတွဲက Madison ပွဲမှာ ရွှေတံဆိပ်ရသွားပါတယ်။




ဒါဟာ သူတို့နှစ်ဦး ၂၀၀၈ ခုနှစ်တုန်းက အနိုင်ရပြီးနောက်ပိုင်း ၈ နှစ်ကြာပြီးမှ နောက်တခါ ပထမ ဆုံးအကြိမ် ပူးတွဲစီး ပြီး အနိုင်ရခြင်းဖြစ်ပါတယ်။ 
အမျီုးသား၊ အမျိုးသမိးပွဲစဉ် ၁၀ မျိုးစီနီးပါး ၆ ရက်ကြာ ကျင်းပခဲ့တဲ့ လန်ဒန်ပွဲ ဟာ မနေ့က (တနင်္ဂနွေ)မှာ ပြီးစီးသွားပြီဖြစ်ပါတယ်။ မာ့ခ် ကားဗစ်ဒစ်ဟာ ဒီ သတင်းပတ် ၉ ရက်နေ့မှာစတင်မဲ့ အီတလီက Tirreno-Adriatico ပွဲမှာ ၀င်စီး ဖို့ရှိနေပါတယ်။
ကျန်တဲ့ Track သမားအားလုံးကတော့ ဇူလိုင်မှာကျင်းပမဲ့ ဘရာဇီးက အိုလံပစ် ပွဲအတွက် ဆက်လက်လေ့ကျင့်ခန်းဆင်းလိမ့်မယ်လို့ ယူဆရပါ တယ်။



လမ်းပေါ်ပွဲအနေနဲ့ကတော့ လောလောဆယ် Paris-Nice သီတင်းတပတ်တာ ပွဲစဉ်ရှိနေပြီး Condé-sur-Vesgre ကနေ Vendôme အထိ 195 km ကို ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
မနေ့က တဦးချင်းစံချိန်ပြုမှာ ဒုတိယ ရထားတဲ့ Tom Dumoulin (Ned) Team Giant-Alpecin ပဲ ဒီနေ့ အ၀ါရောင်ရသွားမလား၊ ဒါမှမဟုတ် တခြား GC ဆရာကြီးတွေဖြစ်တဲ့ Geraint Thomas (GBr) Team Sky ၊ Richie Porte (Aus) BMC Racing Team နဲ့ Alberto Contador (Spa) Tinkoff Team တို့ပဲ ရမလားဆိုတာကိုတော့ စိတ်ဝင်စားဘွယ် စောင့်ကြည့်ရမှာဖြစ် ပါတယ်။
Paris-Nice ပွဲစဉ်အားလုံးကို Euro Sport ကနေ Live (အစ-အဆုံးမဟုတ် ပေမဲ့ ပန်းမ၀င်ခင် ၃ နာရီခန့်ပြပါတယ်) ပြသနေပါတယ်။ ။

No comments:

Post a Comment