Thursday, March 3, 2016

ဘလဂျီယံ Spring Classics အတွက် Sagan လာမယ်။

ဘလဂျီယံ Spring Classics အတွက် Tinkoff အသင်းကို Sagan ဦးဆောင်မယ်...။
....
လာမဲ့ စနေ-တနင်္ဂနွေ (ဖေဖေါ်ဝါရီ ၂၇-၂၈) မှာ စတင်မဲ့ ဘလဂျီယံနိုင်ငံက Omloop Het Nieuwsblad နဲ့ Kuurne-Brussel-Kuurne ၂ ရက်တာ Spring Classics 2016 ပွဲစဉ်တွေကို ကမ္ဘာ့ချန်ပီယံ ပီတာဆာဂန်က Tinkoff အသင်းခေါင်းဆောင်အနေနဲ့ဝင်ပြိုင်မယ်လို့သိရပါတယ်။





ဇန်နာဝါရလကုန်ပိုင်း အာဂျင်တီးနားမှာကျင်းပတဲ့ Tour de San Luis ပွဲပြီး ကတည်းက ပျောက်ချက်သားကောင်းနေတဲ့ ဆာဂန်ရဲ့ခြေစွမ်းနဲ့ သူရဲ့ ထူခြား တဲ့စီးဟန်ကို ဥရောပမြေမှာ ပရိသတ်တွေ ပြန်တွေ့ရတော့မှာပါ။
သြစတေလျ၊ တောင်အမေရိက၊ ပင်လယ်ကွေ့ဒေသနဲ့ မြေထဲပင်လယ် အစပ် ဥရောဖက်ချမ်းဖက်မှာ စက်ဘီးပွဲတွေကျင်းပနေတာ ၂ လလောက်ရှိနေပြီဖြစ် ပေမဲ့ ဥရောပအလယ်ပိုင်း (စက်ဘီးလောကရဲ့ အဓိကဒေသ) မှာတော့ မနက် ဖြန်စတင်တဲ့ ဘလဂျီယံက ပွဲဟာ ၂၀၁၆ ရဲ့ ပထမ ဆုံး ကွင်းဖွင့်ပွဲဖြစ်ပါတယ်။
စနေမှာစတင်မဲ့ Omloop Het Nieuwsblad ပွဲဟာ ကီလိုမီတာ ၂၀၀ ရှည်ပြီး တောင်ကုန်းပေါင်း ၁၃ ခုနဲ့ ကျောက်လုံးခင်းလမ်း ၁၀ ခုကို ဖြတ်သန်းရမှာဖြစ် ပါတယ်။ လမ်းဟာကြမ်းတမ်းပြီး ဝေးလံတဲ့အပြင် ရာသီဥတုကလဲ မိုးရွာ၊ နှင်း ကျဖြစ်နိုင်တာတာကြောင့် စက်ဘီးသမားတွေအတွက် ကြီးမားတဲ့ စိမ်ခေါ်မှု တွေရှိနေပါတယ်။
တနင်္ဂနွေမှာ ဆက်တိုက်ကျင်းပမဲ့ Kuurne-Brussel-Kuurne ကလည်း စနေ ပွဲနဲ့ခပ်ဆင်ဆင်ပါပဲ။ ၂၀၀.၇ ကီလိုမီတာရှည်ပြီး ကုန်းတက် ၁၁ ခုပါဝင်မှာဖြစ် ပါတယ်။

ဒီပွဲမှာ ပီတာဆာဂန်နဲ့အတူ ပါဝင်မဲ့ Tinkoff အသင်းဖေါ်တွေကတော့ Maciej Bodnar, Daniele Bennati, Oscar Gatto, Jay McCarthy, Manuele Boaro, Nikolay Trusov နဲ့ Adam Blythe တို့ဖြစ်ပါတယ်။
တခြားအသင်းတွေကနေပါလာမဲ့ နာမည်ကြီးတွေကတော့ နော်ဝေမှ နာမည် ကြီးတာတိုဘုရင် Alexander Kristoff (Katusha), အိမ်ရှင် ဘလဂျီယံသား Tom Boonen (Etixx-QuickStep), BMC အသင်းမှ Greg Van Avermaet နဲ့ Philippe Gilbert။ ဂျာမီဏီမှ နာမည်ကြီး စံချိန်ပြုဆရာ Tony Martin (Etixx-QuickStep) တို့အ၀င် UCI အသိအမှတ်ပြု အသင်းပေါင်း ၂၀ နီးပါးမှ စက်ဘီးသမား ၁၀၀ ကျော် ၀င်ပြိုင်ကြမှာဖြစ်ပါ တယ်။
(Euro Sport ကလည်း Live ပြမယ်လို့ ကြေညာထားပါတယ်)။ မြန်မာစံတော်ချိန် စနေည ၆-၇ နာရီဝန်းကျင်ဖြစ်မယ်လို့ ထင်ပါတယ်။

No comments:

Post a Comment