Thursday, March 3, 2016

Giant-Alpecin အသင်း ကားတိုက်ခံရခြင်း။

John Degenkolb အနည်းဆုံး ၃ လနားရမယ်...။
...
ဇန်နာဝါရီ ၂၃ ရက်နေ့ ကားတိုက်မှုအတွင်း ဒဏ်ရာပြင်းထန်စွာရခဲ့သူ ဂျမဏီက တာတိုဘုရင် John Degenkolb ဟာ အနည်းဆုံး ၃ လနားရမှာဖြစ်တဲ့အတွက် နွေဦးပွဲတွေ (Spring Classics) လွဲတော့မှာဖြစ်ပါတယ်။

အထူးသဖြင့် မနှစ်က သူ ပထမ ရထားတဲ့ Milan-San Remo နဲ့ Paris-Roubaix ပွဲ ၂ ခုကို လက်လွတ်ရတော့မှာဖြစ်ပါတယ်။


................
Giant-Alpecin အသင်း ကားတိုက်ခံရမှု နောက်ဆုံးကြားရသမျှ...။
...
ဇန်နာဝါရီ ၂၃ ရက်နေ့က တင်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း စပိန်ုနိုင်ငံ (စပိန်တောင် ပိုင်းဟာ မြေထဲပင်လယ်နဲ့နီးတဲ့အတွက် အနောက်ဥရောပနဲ့မတူပဲ နှင်းမကျ၊ ရေမခဲတဲ့အတွက် အဲဒီမှာ စက်ဘီးအသင်းတွေ လေ့ကျင့်ရေးဆင်းလေ့ရှိပါတယ်) မှာ လေ့ကျင့်ရေးဆင်းနေတဲ့ Giant-Alpecin အသင်းကားတိုက်ခံရမှုဟာ နောက်ကနေ မတော်တဆတိုက်တာ မဟုတ်ပဲ မျက်နှာချင်းဆိုင် တိုက်မိတာလို့သိရပါတယ်။

အခုတော့ အဲဒီလို ကားနဲ့တိုက်မိတဲ့ အသက် ၇၃ နှစ်အရွယ် ဗြိတိန်အမျိုးသမီး ကို စပိန်ရဲတွေက စွဲချက်တင်ထားတယ်လို့သိရပါတယ်။ ဒေသဆိုင်ရာ သတင်း စာတွေရဲ့အပြောတိုင်းဆိုရင်တော့ ဒီအမျိုးသမီးဟာ နွေရာသီ ၆ လ ဗြိတိန်မှာ နေပြီး ဆောင်းရာသီ ၆ လကို စပိန်မှာနေတယ်လို့ (ပင်စားစားတွေ ဒီလိုနေ လေ့ရှိပါတယ်) ဆိုပါတယ်။
ဒါပေမဲ့ ပြသာနာက ဥရောပတတိုက်လုံး လက်ယာကပ်မောင်းစနစ်ကို ကျင့် သုံးနေပေမဲ့ ဗြိတိန်က လက်ဝဲကပ်မောင်းစနစ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအမျိုးမီးဟာ စပိန်ဥပဒေကိုမေ့ပြီး လန်ဒန်ကအတိုင်း လက်ဝဲကပ်မတော်တဆ မောင်းမိရာကနေ အရှိန်ပြင်းပြင်းလေ့ကျင့်နေတဲ့ စက်ဘီးအုပ်ကို တည့်တည့် ထိပ်တိုက် ၀င်တိုက်မိတာဖြစ်တယ်လို့သိရပါတယ်။
...
(ထိုင်းနဲ့ မြန်မာကြားမှလဲ လက်ဝဲကပ်နဲ့ လက်ယာကပ် အထူးသတိထားသင့်ပါကြောင်း)
............
(အရင်သတင်းဟောင်းကို အောက်မှာ ဆက်ဖတ်ပါရန်...)
..............................................................................
ဇန်နာဝါရီ ၂၃ ရက်နေ့က တင်ပြခဲ့တဲ့ သတင်းဟောင်း....။
(အရေးပေါ်သတင်း...။
...
နာမည်ကြီး စက်ဘီးအသင်းတခုဖြစ်တဲ့ Giant-Alpecin team စပိန်မှာ လေ့ ကျင့်ရေးဆင်းနေစဉ် မတော်တဆ ကားနဲ့တိုက်မိပြီး စက်ဘီးသမား ၆ ဦး ဒဏ် ရာရသွားတယ်လို့သိရပါတယ်။

တချို့ကိုဆေးရုံပို့လိုက်ရပေမဲ့ အခြေအနေကောင်းပါတယ်လို့ အသင်းတာဝန်ရှိ သူတွေက Twitter ကနေ သတင်းထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ဒေသဆိုင်ရာ သ တင်းစာဖြစ်တဲ့ Diario Informacion ကတော့ အခင်းဖြစ်တဲ့အချိန်ဟာ နေ့ လည် ၃ နာရီ ၁၅ မှာဖြစ်ပြီး Benigembla မြို့မှာ Tourist အမျိုးသမီးတဦး မောင်းလာတဲ့ ကားနဲ့ မျက်နှားချင်းဆိုင်တိုက်မိတာ လို့ဆိုပါတယ်။

မနှစ်က တိုးဒီဖရင့်နဲ့ စပိန်ပွဲတွေမှာ နာမည်ကြီးခဲ့သူ၊ အထူးသဖြင့် စပိန်ပွဲမှာ အကျီအနီရထားပြီးမှ နောက်ဆုံးနေ့မှာ လက်လွတ်လိုက်ရသူ နယ်သာလန် စက်ဘီးသမား Tom Dumoulin နဲ့ Paris-Roubaix winner လဲဖြစ်၊ တာတို ဘုရင်တဦးလဲဖြစ်တဲ့ John Degenkolb တို့ဟာ ဒီလေ့ကျင့်ရေးခစန်းမှာ ရှိ နေတယ်လို့သိရပါတယ်။

(နောက်ဆုံးသတင်းတွေအရ တိုက်မိတဲ့အထဲ John Degenkolb နဲ့အတူ Warren Barguil, Chad Haga, Fredrik Ludvigsson, Ramon Sinkeldam နဲ့ Max Walscheid တို့ပါဝင် တယ်လို့သိရပါတယ်။)
ဒါပေမဲ့ ဒဏ်ရာရတဲ့အထဲမှာတော့ Tom Dumoulin မပါဘူးလို့ဆိုပါတယ်။ မျက်မြင်သက် သေတဦးဖြစ်ပုံရတဲ့ Informacion.es ကနေ Twiiter မှာတင်ထားတဲ့ပုံအတိုင်းဆိုရင်တော့ ယဉ်တိုက် မှု ဟာအတော်ပြင်းပုံရပြီး စက်ဘီးတွေပါ ကျိုးထွတ်၊ ပြုတ်ထွက်ကုန်တာတွေ့ ရပါတယ်။ ။)

No comments:

Post a Comment