Friday, March 4, 2016

UCI Track World Championships အသင်းလိုက် အမီလိုက်ပွဲမှာ ဗြိတိန်က သြစတေလျကို ကပ်ရှုံးသွားပုံ...။
...
နာမည်ကြီး ဗြိတိန်အသင်း ဘာတွေမှားခဲ့သလဲ။ 
ဗီဒီယိုကို အသေအချာကြည့်ပါ။
ဗြိတိန်ဟာ တာထွက်နှေးပေမဲ့ တဖြေးဖြေးနဲ့အရှိန်တင်လာတာ အိုကေ ပြပါတယ်။ ပထမ ၅ ပတ်လောက်မှာ နောက်ကျနေရာကနေ ၅ ပတ်အလွန်မှာ တန်းတူဖြစ်လာပါတယ်။






ဒါပေမဲ့ ဘာကြောင့်မှန်းမသိ။ ၄ ဦးမှာ တဦးက စောစောစီးစီး နားလိုက်ပါတယ်။
သြစီက မနားဘူး။ ပန်းဝင်ဖို့ တပတ်အလိုကျမှ နံပတ် ၄ က နားပါတယ်။ ဒါဟာ ပုံမှန် ကစားကွက်လို့ထင်ပါတယ်။
ဗြိတိန်က နံပတ် ၄ လူ အစောကြီးနားလိုက်တော့ ၃ ဦးတည်းနဲ့ ၅ ပတ် လောက်ကြိတ်လိုက်ရတဲ့သဘော။ သြစီထက် တဦးလျော့စီးရတဲ့သဘော။ တနည်းအားဖြင့် ၄ ဦးနဲ့ ၃ ဦးပြိုင်ရတဲ့ သဘောမျိုးဖြစ်သွားပါတယ်။
ဒီလိုနဲ့ နောက်ဆုံးအပတ်မှာ ဗြိတိန်ရဲ့ တတိယ လူ (Ed Clancy ပြတ်ကျန် ခဲ့ပြီး Bradley Wiggins နဲ့ Owain Doull ပဲ ပုံမှန်ဝင်နိုင်) ခြေကုန်ပြီးကျန်ခဲ့တော့ ဒုက္ခရောက်သွားတာပေါ့...။
ဒါကြောင့် သြစီက စံချိန်သစ် 3:52.727 မီနစ်နဲ့ ပထမ၊ ဗြိတိန်က 3:53.856 နဲ့ ဒုတိယဖြစ်သွားပါတယ်။ ဒါဟာ နွေရာသီ ဘရာဇီးမှာကျင်းပမဲ့ အိုလံပစ်ပွဲ အ တွက် ဘယ်လိုပြင်ဆင်ဖို့လိုနေပြီဆိုတာ သတိပေးချက်လည်းဖြစ်ပါတယ်။
အသင်းလိုက် အားကစားရဲ့စုပေါင်းအား အသုံးချတဲ့နေရာမှာ သင်္ခန်းစားယူစရာ လို့လည်း ထင်မိပါတယ်။
...
<iframe width="560" height="315" src="https://www.youtube.com/embed/8LazthtzYdM?list=PL7NFlV830crPzl5QysaoIIln3ns4Yblu7" frameborder="0" allowfullscreen></iframe>

...

<iframe width="560" height="315" src="https://www.youtube.com/embed/dVixYmrTDmM?list=PL7NFlV830crPzl5QysaoIIln3ns4Yblu7" frameborder="0" allowfullscreen></iframe>
...



No comments:

Post a Comment