Wednesday, March 9, 2016

Tirreno-Adriatico ပွဲမှာ Peter Sagan ပြန်လာမယ်...။

Tirreno-Adriatico ပွဲမှာ Peter Sagan ပြန်လာမယ်...။
...
ပြင်သစ်မှာ Paris-Nice တာဝေးပွဲ အရှိန်ကောင်းနေစဉ် အီတလီမှာလည်း သီတင်းတပတ်ကြာ တာဝေးပွဲတခု မနက်ဖြန် စတင်ဖို့ရှိနေပါတယ်။ 
အဲဒီပွဲအတွက် ဒီနေ့ညနေပိုင်းက သတင်းစာရှင်းပွဲပြုလုပ်ပြီး GC ဆရာကြီး တွေဖြစ်တဲ့ Vincenzo Nibali (Astana), Tejay van Garderen (BMC), Rigoberto Uran (Cannondale), Esteban Chaves (Orica-GreenEdge) နဲ့ Alejandro Valverde (Movistar) ၅ ဦးတိုနဲ့အတူ တာတို ဘုရင် သို့မဟုတ် Classics rider ပီတာ Sagan (Tinkoff) လည်း တက် ရောက်ခဲ့ပါတယ်။


Paris-Nice တာဝေးပွဲ ဒုတိယနေ့ Matthews ကို အနိုင်ပေး။

Paris-Nice တာဝေးပွဲ ဒုတိယနေ့ Matthews ကို အနိုင်ပေး။
...
ပြင်သစ်မှာ သီတင်းတပတ်ကြာကျင်းပနေတဲ့ Paris-Nice တာဝေးပွဲ ဒုတိယ နေ့ (Contres ကနေ Commentry အထိ) 214 km မှာ Nacer Bouhanni (Fra) Cofidis, Solutions Credits က 5:04:26 နာရီနဲ့ ပထမ ရသွားပါတယ်။

Tuesday, March 8, 2016

Paris-Nice ပထမနေ့တာဝေးပွဲ Demare အနိုင်ရ။

Paris-Nice ပထမနေ့တာဝေးပွဲ Demare အနိုင်ရ။
...
ပြင်သစ်မှာ မနေ့ကစတင်တဲ့ Paris-Nice သီတင်းတပတ်ကြာပွဲစဉ် ပထမနေ့ တာဝေးပွဲ (Condé-sur-Vesgre ကနေ Vendôme အထိ) 195 km မှာ Arnaud Demare (Fra) FDJ က 4:29:53 နာရီနဲ့ ပထမ ရသွားပါတယ်။


Monday, March 7, 2016

UCI Track ပွဲမှာ Cavendish နဲ့ Wiggins တို့အတွဲ ရွှေရ...။

UCI Track ပွဲမှာ Cavendish နဲ့ Wiggins တို့အတွဲ ရွှေရ...။
...
လန်ဒန်မှာ သီတင်းတပတ်ကြာကျင်းပခဲ့တဲ့ UCI Track World Championships ပွဲအတွင်း ဗြိတိန်မှ လမ်းပေါ်ပွဲတွေရဲ့ ချန်ပီယံ (တိုးဒီဖရင့် လက်ရှိတာတိုဘုရင်နဲ့ တိုးဒီဖရင့် ၂၀၁၂ တာဝေးချန်ပီယံဟောင်း) Mark Cavendish နဲ Bradley Wiggins တို့အတွဲက Madison ပွဲမှာ ရွှေတံဆိပ်ရသွားပါတယ်။


Paris-Nice ပထမနေ့ စံချိန်ပြုပွဲ Matthews အနိုင်ရ။

Paris-Nice ပထမနေ့ စံချိန်ပြုပွဲ Matthews အနိုင်ရ။
...
ပြင်သစ်မှာ ဒီနေ့စတင်တဲ့ Paris-Nice သီတင်းတပတ်ကြာပွဲစဉ် ပထမနေ့ 6.1km တဦးချင်းစံချိန်ပြု ITT ပွဲမှာ Michael Matthews (Aus) Orica-GreenEdge က 0:07:39 မီနစ်နဲ့ ပထမ ရသွားပါတယ်။

Strade Bianche 2016 ပွဲ Cancellara အနိုင်ရ။

Strade Bianche 2016 ပွဲ Cancellara အနိုင်ရ။
...
အီတလီနိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ Spring Classcis နွေဦး အထူးပွဲ Strade Bianche ၁၇၆ ကီလိုပြိုင်ပွဲမှာ ဆွင်ဇလန်မှ Classcis ဆရာကြီး (မနှစ်က တိုးဒီဖရင့်မှာ အ၀ါရောင်အကျီရထားစဉ် မဟာလဲပြိုမှုအတွင်းပါတဲ့အတွက် ဒဏ်ရာကြောင့် ပွဲကနေ ထွက်လိုက်ရသူ) Fabian Cancellara (Swi) Trek-Segafredo က 4:39:35 နာရီနဲ့ ပထမ ရသွားပါတယ်။


မနှစ်က ချန်ပီယံဖြစ်ခဲ့သူ Zdenek Stybar (Cze) Etixx - Quick-Step က နှာ တဖျားနောက်ကျပြီး ဒုတိယ ဖြစ်သွားပါတယ်။ သူ့ရဲ့အသင်းဖေါ် ရှေ့ကနေ ဦး ဆောင်ပြေးပေးခဲ့သူ Gianluca Brambilla (Ita) Etixx - Quick-Step က 0:00:04 စက္ကန့်နောက်ကျပြီး တတိယ ဖြစ်သွားပါတယ်။

Saturday, March 5, 2016

Strade Bianche 2016 ပွဲမှာ Peter Sagan ပထမ ရနိုင်သလား...။

Strade Bianche 2016 ပွဲမှာ Peter Sagan ပထမ ရနိုင်သလား...။
...
ဒီနေ့ (စနေနေ့ နေ့လည်) ကျင်းပမဲ့ အီတလီနိုင်ငံက Strade Bianche 2016 ပွဲမှာ အနိုင်ရအောင်စီးဖို့ သူ့အပေါ် ဖိအားပေးမှုတွေရှိနေတယ်ဆိုတဲ့ပြောဆို ချက်ကို Peter Sagan ကငြင်းဆိုလိုက်ပါတယ်။ 


ပွဲမကျင်းပခင် တရက်အလို အမျိုးသမီးကမ္ဘာ့ချန်ပီယံ Lizzie Armitstead နဲ့ အတူကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း သူက အခုလိုပြောသွားတာပါ။ ပြီးခဲ့ တဲ့သီတင်းပတ်က ဘယ်လဂျီယံမှာကျင်းပတဲ့ Spring Classics ၂ ပွဲအတွင်း သူဟာ ဒုတိယနဲ့ နံပတ် ၆ နေရာတွေသာရအပြီး ဒီလိုဝေဖန်မှုတွေ ထွက်ပေါ် လာတာပါ။

Friday, March 4, 2016

UCI Track World Championships အသင်းလိုက် အမီလိုက်ပွဲမှာ ဗြိတိန်က သြစတေလျကို ကပ်ရှုံးသွားပုံ...။
...
နာမည်ကြီး ဗြိတိန်အသင်း ဘာတွေမှားခဲ့သလဲ။ 
ဗီဒီယိုကို အသေအချာကြည့်ပါ။
ဗြိတိန်ဟာ တာထွက်နှေးပေမဲ့ တဖြေးဖြေးနဲ့အရှိန်တင်လာတာ အိုကေ ပြပါတယ်။ ပထမ ၅ ပတ်လောက်မှာ နောက်ကျနေရာကနေ ၅ ပတ်အလွန်မှာ တန်းတူဖြစ်လာပါတယ်။

Thursday, March 3, 2016

ဒီတပတ် ဘာပွဲတွေရှိသလဲ...။

ဒီတပတ် ဘာပွဲတွေရှိသလဲ...။
...
ပြီးခဲ့တဲ့ စနေ-တနင်္ဂနွေက အနောက်ဥရောပရဲ့ ကွင်းဖွင့်ပွဲအဖြစ် ဘလဂျီယံ နိုင်ငံမှာ ကီလိုမီတာ ၂၀၀ ကျော်ရှိ Omloop Het Nieuwsblad နဲ့ Kuurne-Brussel-Kuurne နွေဦးအထူး Spring Classics ပွဲတွေကျင်းပ ခဲ့ပါတယ်။

နွေဦးမှာ နှင်းတွေပြန်ကျလာလို့ ဟောဒီလိုစီးရင်ကောင်းမလား...။
...
Tinkoff အသင်းမှ စတန့်ဆရာကြီး Brumotti ရဲ့ ထွင်ဟန်...။ သူဟာ ၂၀၁၅ ကမ္ဘာ့ချန်ပီယံ Sagan ရဲ့ ဘော်ဘော်ကြီးလဲဖြစ်ပါတယ်။ သူတို့နှစ်ဦး စက်ဘီးစီးပြီး ဘော်လုံးကန်ဖူးပေမဲ့ ရေခဲပြင်မှာ စက်ဘီး (စက်ဘီး-စကီးလို့ ခေါ်ရမယ်ထင်) စီး တာ တော့မတွေ့ရသေး...။
...
(ဗီဒီယို ကလစ်က ရှယ်လို့ရပေမဲ့ ကူးမရဖြစ်နေလို့ ဓာတ်ပုံတွေကို တင်ပေးလိုက်ပါတယ်)။




UCI Track World Championships ပွဲ လန်ဒန်မှာ စနေပြီ...။

UCI Track World Championships ပွဲ လန်ဒန်မှာ စနေပြီ...။
....
အမျိုးသား အသင်းလိုက် အမီလိုက် မီတာ ၄၀၀၀ သို့မဟုတ် ၄ ကီလိုမီတာ ပထမနေ့ စံချိန်နှင့် ရလာဒ်များ...။
# Rider Name (Country) Team Result
1 Great Britain 0:03:55.664
2 Australia 0:03:55.867
3 New Zealand 0:03:57.050
4 Italy 0:03:57.800
5 Denmark 0:03:59.196
6 Germany 0:04:00.127
7 Russia 0:04:00.812
8 Netherlands 0:04:01.827
9 Switzerland 0:04:02.066
10 China 0:04:03.900
11 France 0:04:05.102
12 Canada 0:04:05.641
13 Spain 0:04:09.909
14 Ukraine 0:04:13.977။

Spring Classics နှင့် မတ်လအတွင်းလာမဲ့ ပွဲများ။

ဥရောပရဲ့ ပွဲဦးထွက် Spring Classics ဒုတိယနေ့ Stuyven အနိုင်ရ။
...
ဥရောပအလယ်ပိုင်း ဘလဂျီယံနိုင်ငံမှာ Spring Classics ဒုတိယနေ့အဖြစ် ဆက်တိုက်ကျင်းပတဲ့ Kuurne-Brussel-Kuurne ကီလိုမီတာ ၂၀၀.၇ ပြိုင် ပွဲမှာ Jasper Stuyven (Bel) Trek-Segafredo က 4:53:50 နာရီနဲ့ တကိုယ် တော် ပထမ ရသွားပါတယ်။


ဥရောပရဲ့ ပွဲဦးထွက် Spring Classics ။

ဥရောပရဲ့ ပွဲဦးထွက် Spring Classics မှာ Van Avermaet အနိုင်ရ၊
နာမည်ကြီး Sagan ဒုတိယသာချိတ်။
...


Pro Cyclist ဖြစ်ချင်တဲ့ အီသီယိုပီးယားသူ...။

အီသီယိုပီးယားသူက ဥရောပမှာ Pro Cyclist ဖြစ်ချင်လို့တဲ့...။
...
အီသီယိုပီးယားလို့ပြောလိုက်ရင် စစ်ပွဲတွေကြားက ဆင်းရဲငတ်ပြတ်နေတဲ့ နိုင်ငံတခုအဖြစ်သာ မြန်မာတွေ ပြေးမြင်လေ့ရှိပါတယ်။ မှန်ပါတယ်။ တချိန် က အဲဒီလိုဖြစ်ခဲ့ပါတယ်။ မြန်မာထက် အခြေအနေအများကြီးဆိုးခဲ့ပါတယ်။ 


Pro စက်ဘီးအသင်းတခု ထောင်ဖို့ သိပ်ခက်သလား...။



Pro စက်ဘီးအသင်းတခု ထောင်ဖို့ သိပ်ခက်သလား...။
...
တနှစ်ကို ယူရွန် ၅ သန်းလောက်ရနေတဲ့ နာမည်ကြီးစက်ဘီးသမားတွေ၊ စက်ဘီးအသင်းတွေနဲ့ ပြိုင်ပွဲတွေကို စက်ဘီးဝါသနာရှင်အတော်များများ အလွတ်ရနေပေမဲ့ UCI အသိအမှတ်ပြု Pro စက်ဘီးအသင်းတခုဖြစ်အောင် ဘယ်လို အဆင့်ဆင့်ကြိုးစားရတယ်ဆိုတာကိုတော့ သိသူအတော်နည်းမယ် ထင်ပါတယ်။ (စာရေးသူကိုယ်တိုင်လဲ အခုမှ လေ့လာဆဲ)


၂၀၁၆ အတွက် UCI အသိအမှတ်ပြု စက်ဘီးအသင်း ၁၈ သင်းပဲ ရှိပါတယ်။ အဲဒီထဲက နာမည်ကြီးအသင်းတခုဖြစ်တဲ့ (လက်ရှိ ကမ္ဘာ့ချန်ပီ ယံ ပီတာ ဆာဂန်ဝင်စီးနေတဲ့) Tinkoff team အသင်းကို ရှေ့နှစ်ကျရင် ဖျက် တော့မယ်၊ ဒါမှမဟုတ် ရောင်းထုတ်တော့မယ်ဆိုပြီးလည်း သတင်းတွေထွက် နေပါတယ်။

ဘလဂျီယံ Spring Classics အတွက် Sagan လာမယ်။

ဘလဂျီယံ Spring Classics အတွက် Tinkoff အသင်းကို Sagan ဦးဆောင်မယ်...။
....
လာမဲ့ စနေ-တနင်္ဂနွေ (ဖေဖေါ်ဝါရီ ၂၇-၂၈) မှာ စတင်မဲ့ ဘလဂျီယံနိုင်ငံက Omloop Het Nieuwsblad နဲ့ Kuurne-Brussel-Kuurne ၂ ရက်တာ Spring Classics 2016 ပွဲစဉ်တွေကို ကမ္ဘာ့ချန်ပီယံ ပီတာဆာဂန်က Tinkoff အသင်းခေါင်းဆောင်အနေနဲ့ဝင်ပြိုင်မယ်လို့သိရပါတယ်။



ပြိုင်ဘီးထဲမှာ မော်တာတွေ လျှို့ဝှက် ထည့်ထားနိုင်သလား...။

ပြိုင်ဘီးထဲမှာ မော်တာတွေ လျှို့ဝှက် ထည့်ထားနိုင်သလား...။
....
သတင်းတပတ်တာ နာမည်ကြီးပွဲ ၃ ခုကိုဆက်တိုက်တင်ပြပြီးတဲ့နောက် နည်းပညာဆိုင်ရာ ထူးဆန်းထွေလာသတင်းတပုဒ်ကို တင်ပြချင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ဘယ်လိုမှမဖြစ်နိုင်တဲ့သတင်းမျိုးလို့ထင်ပါတယ်။ ဘာကြောင့်လဲဆို ပရိုစက်ဘီးသမားတွေဟာ သူတို့စက်ဘီးတွေရဲ့ ကို်ယ်ထည် ထဲ (အလယ်ဂီယာအုံထဲ) မှာ အလွန်သေးငယ်တဲ့ မော်တာကို လျှို့ဝှက်တပ် ထားနိုင်တယ်ဆိုပြီး စွပ်စွဲချက်ထွက်ပေါ်လာတဲ့သတင်းပါ။

စက်ဘီးဝါသနာရှင်တွေ မှတ်မိကြဦးမယ်ထင်ပါတယ်။ မနှစ်က အီတလီပွဲ Giro d’Italia မှာ ပန်းရောင်အကျီရသွားသူ (ဒီနေ့ Volta ao Algarve မှာ ပထမ ရသူ) Alberto Contador (Spa) Tinkoff ဟာ ဒုတိယ သတင်းပတ် တောင် တက်ပွဲတခုအတွင်း မြေပြန့်ကနေ တောင်အတက်သို့အကူးမှာ စက်ဘီးကို အသစ်လဲလိုက်ပါတယ်။

Ruta del Sol ပွဲ Alejandro Valverde ဗိုလ်စွဲ...။



Ruta del Sol ပွဲ Alejandro Valverde ဗိုလ်စွဲ...။
...
စပိန်နိုင်ငံ မြေထဲပင်လယ်ဖက်မှာ ၅ ရက်ကြာကျင်းပခဲ့တဲ့ (တပြိုင်တည်း ၃ ပွဲဖြစ်နေလို့ ဒီပွဲကို မထမပိုင်း ၄ ရက်စလုံး မတင်ပြဖြစ်ခဲ့ပါ) Ruta del Sol ပွဲရဲ့ နောက်ဆုံးနေ့ တောင်တက်ပွဲ (San Roque မှ Alto Penas Blancas အထိ) 164.2 km မှာ Alejandro Valverde Belmonte (Spa) Movistar Team က 4:46:51 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။

Volta ao Algarve စုစည်းချက်။

Volta ao Algarve ပွဲ ပထမ နေ့ Marcel Kittel အနိုင်ရ...။
....
ပေါ်တူဂီနိုင်ငံမှာ ဒီနေ့စတင်ကျင်းပတဲ့ ၆ ရက်ကြာစက်ဘီးပွဲ ပထမ နေ့ (Lagos - Albufeira) 163.6 km ပွဲမှာ ဂျာမဏီမှ တာတိုဘုရင် Marcel Kittel (Ger) Etixx - Quick-Step က 3:52:35 နာရီနဲ့ ပထမ ရသွားပါတယ်။

Tour of Oman စုစည်းချက်။



Tour of Oman ပထမနေ့ Bob Jungels အနိုင်ရ..။
...
အိုမန် နိုင်ငံမှာ ဒီနေ့စတင်ကျင်းပတဲ့ ၆ ရက်ကြာ စက်ဘီးပွဲရဲ့ ပထမနေ့ ( Oman Exhibition Center to Al Bustan, 145.5km) မှာ Bob Jungels (Lux) Etixx-QuickStep က 3:37:33 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။


သူ့နောက်မှာတော့ Serge Pauwels (Bel) Dimension Data က 0:00:06 စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ Romain Bardet (Fra) AG2R-La Mondiale က 0:00:08 စက္ကန့်နောက်ကျပြီး တတိယ ရပါတယ်။

Disc နဲ့ ရိုးရိုးဘီး ဘယ်ဟာက ပိုကောင်းသလဲ...။



Disc နဲ့ ရိုးရိုးဘီး ဘယ်ဟာက ပိုကောင်းသလဲ...။
...
Disc ဘီးတွေကို နိုင်ငံတကာပွဲတွေမှာ တရားဝင်သုံးစွဲခွင့်ပြုကြောင်း UCI က မနှစ်ကစတင်ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်နိုင်ငံတကာပွဲတွေမှာ Disc သုံးတဲ့ အသင်းတချို့ပါဝင်လာတာတွေ့ရပါတယ်။

ဒါပေမဲ့ နည်းပညာသမားတွေကြားမေးခွန်းထုတ်နေတာက တာဝေးပွဲတွေမှာ မတော်တဆ ဘီးပေါက်လို့ (ဥပမာ မနေ့ကဖြစ်ခဲ့တဲ့ Boasson Hagen လို အဖြစ်မျိုးဆိုရင်) ပြန်ဖြုတ်အသစ်လဲမယ်ဆိုရင် ရိုးရိုးဘီးတွေ ဖြုတ်လဲတာ ထက် အချိန်ပိုကြာသွားမလား ဆိုတာပါ။

၄၄ နှစ်အရွယ် Pro စက်ဘီးသမား။



အသက် ၄၄ နှစ်အရွယ် Pro စက်ဘီးသမား မြန်မာပြည်မှာရှိသလား...။
...
အမေရိကားမှာတော့ Christopher Horner..ရှိနေဆဲ...။
...
လူငယ်ခြေတက်တွေအကြောင်း စိတ်ဝင်စားဘွယ်သတင်းတွေရှာရင်းနဲ့ အသက် ၄၄ နှစ်အရွယ်အထိ စက်ဘီးစီးလို့ကောင်းတုန်း ချန်ပီယံ ဟောင်း တဦးကိုသွားတွေ့မိပါတယ်။


ချန်ပီယံဟောင်းဆိုတာ ၂၀၁၃ တုန်းက ၂၁ ရက်တာ စပိန်ပွဲ Vuelta a España မှာ အနီရောင်အကျီရခဲ့တာကို ဆိုလိုတာပါ။ ဒီအသက် အရွယ်နဲ့ ဒီလို ၂၁ ရက်တာ ကမ္ဘာကျော်ပွဲတွေမှာ ချန်ပီယံဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်တဲ့ကိစ္စ။

Tour of Qatar စုစည်းချက်။

Tour of Qatar ပထမနေ့ Cavendish အနိုင်ရ...။
...
ကာတာမှာ ဒီနေ့စတင်တဲ့ ၅ ရက်ကြာစက်ဘီးပွဲ ပထမနေ့ Dukhan - Al Khor Corniche 176 km မှာ နာမည်ကြီး Mark Cavendish (GBr) Dimension Data က 3:28:46 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Sacha Modolo (Ita) Lampre - Merida နဲ့ Andrea Guardini (Ita) Astana Pro Team တို့က ဒုတိယနဲ့ တတိယ ရပါတယ်။

Dubai Tour စုစည်းချက်။

Dubai Tour ပထမ နေ့ Kittel အနိုင်ရ...။
...
ဒူဘိုင်းမှာ ဒီနေ့စတင်ကျင်းပတဲ့ ၄ ရက်ကြာ Dubai Tour ပထမနေ့ (Dubai - Fujairah 179 km) ပွဲမှာ လက်ရှိချန်ပီယံ Mark Cavendish ကို Marcel Kittel (Etixx-QuickStep) က အနိုင်ယူပြီး 3:35:21 နာရီနဲ့ ပထမ ရသွားပါ တယ်။


သူ့နောက်မှာတော့ Mark Cavendish (GBr) Dimension Data နဲ့ Giacomo Nizzolo (Ita) Trek-Segafredo တို့က ဒုတိယနဲ့ တတိယ ရပါတယ်။

Giant-Alpecin အသင်း ကားတိုက်ခံရခြင်း။

John Degenkolb အနည်းဆုံး ၃ လနားရမယ်...။
...
ဇန်နာဝါရီ ၂၃ ရက်နေ့ ကားတိုက်မှုအတွင်း ဒဏ်ရာပြင်းထန်စွာရခဲ့သူ ဂျမဏီက တာတိုဘုရင် John Degenkolb ဟာ အနည်းဆုံး ၃ လနားရမှာဖြစ်တဲ့အတွက် နွေဦးပွဲတွေ (Spring Classics) လွဲတော့မှာဖြစ်ပါတယ်။

အထူးသဖြင့် မနှစ်က သူ ပထမ ရထားတဲ့ Milan-San Remo နဲ့ Paris-Roubaix ပွဲ ၂ ခုကို လက်လွတ်ရတော့မှာဖြစ်ပါတယ်။

Tour de san Luis စုစည်းချက်။

Tour de san Luis ပွဲ GC အတွက် Dayer Quintana အနိုင်ရသွားပြီ။
...
အာဂျင်တီးနားနိုင်ငံမှာ သီတင်းတပတ်ကြာကျင်းပနေတဲ့ Tour de san Luis
နောက်ဆုံးနေ့ပွဲစဉ်မှာ Jakub Mareczko က ပထမရပြီး ရ ရက်ပေါင်း GC အတွက်တော့ Dayer Quintana က ပထမ ရသွားပါတယ်။

Tour Down Under စာစုများ။



Tour Down Under ရဲ့ GC ပထမ Simon Gerrans ရသွားပြီ။
...
သြစတေလျနိုင်ငံမှာ သီတင်းတပတ်ကြာကျင်းပခဲ့တဲ့ Tour Down Under နောက်ဆုံးနေ့ပွဲမှာ Caleb Ewan က ပထမရပြီး ၇ ရက်တာ GC ပထမ ဆု လိမ်မော်ရောင်အကျီကိုတော့ Simon Gerrans က ရယူသွားပါတယ်။

Adelaide ကနေ Adelaide အထိ 90 km နောက်ဆုံးနေ့ပြိုင်ပွဲမှာ Caleb Ewan (Aus) Orica–GreenEdge က 1:55:02 နာရီနဲ့ ပထမ ရသွားပါတယ်။ သူ့နောက်မှာတော့ Mark Renshaw (Aus) Team Dimension Data နဲ့ Giacomo Nizzolo (Ita) Trek–Segafredo တို့ကပ်လျက်ပန်းဝင်ပါတယ်။