Thursday, March 3, 2016

ဥရောပရဲ့ ပွဲဦးထွက် Spring Classics ။

ဥရောပရဲ့ ပွဲဦးထွက် Spring Classics မှာ Van Avermaet အနိုင်ရ၊
နာမည်ကြီး Sagan ဒုတိယသာချိတ်။
...




ဘရဂျီယံနိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ အနောက်ဥရောပရဲ့ ပထမ ဆုံး Spring Classics ကီလိုမီတာ ၂၀၀၊ Omloop Het Nieuwsblad ပွဲမှာ Greg Van Avermaet (Bel) BMC Racing Team က 4:54:12 နာရီနဲ့ ပထမ ရသွား ပါတယ်။
နာမည်ကြီး ကမ္ဘာ့ချန်ပီယံ Peter Sagan (Svk) Tinkoff Team ကတော့ ပန်းဝင်ဖို့ မီတာ ၂၀၀ ၀န်းကျင်အလို နောက်ဆုံး Sprint မှာ အငိုက်မိပြီး နဲနဲ ပြတ်ကျန်သွားခဲ့လို့ ဒုတိယနဲ့ ကျေနပ်လိုက်ရပါတယ်။ Tiesj Benoot (Bel) Lotto Soudal က တတိယ ရပါတယ်။
ကီလို ၂၀၀ ရှည်ပြီး တောင်ကုန်း တောင်ကုန်းပေါင်း ၁၃ ခုနဲ့ ကျောက်လုံးခင်း လမ်း ၁၀ ခုကို ဖြတ်သန်းရတဲ့ ဒီပွဲကို အသင်းပေါင်း ၂၀ နီးပါးက စက်ဘီးသ မား ၁၉၉ ဦးဝင်ပြိုင်ပါတယ်။ 
တာထွက်ပြီးသိပ်မကြာခင်မှာကတည်းက ၁၂ ဦးပါ Breakaway အဖွဲ့တခုဟာ ၅ မီနစ်ခွဲအထိ Peloton ကိုဖြတ်ထားနိုင်လိုက်ပါတယ်။ Etixx-QuickStep အသင်းကဦးဆောင်ပြီး အရှိန်တင်လိုက်နေချိန်မှာ လဲပြိုမှုဖြစ်တဲ့အတွက် အသင်းခေါင်းဆောင် တိုနီမာတင် ဒဏ်ရာရသွားပါတယ်။ 

နောက်ပိုင်းမှာတော့ ရှေ့ပြေးအဖွဲ့ဟာ တဖြေးဖြေးအရှိန်ကျလာပါတယ်။ အဲဒီ အချိန်မှာ Peloton ထဲက ၄-၅ ဦးထွက်ပြေးလွတ်မြောက်လာပြီး ရှေ့ပြေးအုပ်စု ကိုအမှီလိုက်ပါတယ်။ ပီတာဆာဂန်ကတော့ နောက်ပို်င်းကျမှ တကိုယ်တော် ထွက်ပြေးလာပြီး လွတ်သွားတဲ့ ၄-၅ ဦးနဲ့ပြန်ပေါင်းမိပါတယ်။ ဒီလိုနဲ့ သူတို့အုပ် စုဟာ Breakaway အဖွဲ့က လက်ကျန် ၃-၄ ဦးနဲ့ပေါင်းမိပြီး ပထမ အုပ်စုဖြစ် သွားခဲ့ပါတယ်။
ဒါပေမဲ့ Peloton က အရှိန်တင်လိုက်နေတာကြောင့် ပန်းဝင်ဖို့ ၁၀ ကီလိုကျန် ချိန်မှာ ၁ မီနစ်တောင် မကျန်တော့ပါဘူး။ ၅ ကီလိုအလိုမှာဆိုရင် စက္ကန့် ၂၀ ကျော်သာကျန်ပါတယ်။ မိတော့မလိုလိုထင်ရပေမဲ့ ဆာဂန်ဦးဆောင်ပြီး အရှိန် တင်သွားတာကြောင့် ပန်းဝင်တဲ့အထိ သူတို့ ၅ ဦးကို Peloton က မမိလိုက်ပါဘူး။

ဒီနေ့ပွဲမှာ ၁-၁၀ ရသွားသူတွေကတော့...
# Rider Name (Country) Team Result
1 Greg Van Avermaet (Bel) BMC Racing Team 4:54:12
2 Peter Sagan (Svk) Tinkoff Team
3 Tiesj Benoot (Bel) Lotto Soudal
4 Luke Rowe (GBr) Team Sky
5 Alexis Gougeard (Fra) AG2R La Mondiale 0:00:06
6 Jens Debusschere (Bel) Lotto Soudal 0:00:09
7 Adrien Petit (Fra) Direct Energie
8 Edward Theuns (Bel) Trek-Segafredo
9 Jasper Stuyven (Bel) Trek-Segafredo
10 Matthieu Ladagnous (Fra) FDJ တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာလည်း နောက်ထပ် အလားတူခရီးကြမ်း Spring Classics ဖြစ်တဲ့ ကီလို ၂၀၀.၇ ရှည်တဲ့ Kuurne-Brussel-Kuurne ပွဲကို ဒီစက်ဘီးသမားတွေ ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ဒီနေ့အားနည်းချက်တွေကို ပြန်လည်တွက် ချက်ပြီး မနက်ဖြန်မှာ ပီတာဆာဂန် ပထမ များရလာနိုင်မလားဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ။
......

No comments:

Post a Comment