Thursday, March 3, 2016

Pro စက်ဘီးအသင်းတခု ထောင်ဖို့ သိပ်ခက်သလား...။



Pro စက်ဘီးအသင်းတခု ထောင်ဖို့ သိပ်ခက်သလား...။
...
တနှစ်ကို ယူရွန် ၅ သန်းလောက်ရနေတဲ့ နာမည်ကြီးစက်ဘီးသမားတွေ၊ စက်ဘီးအသင်းတွေနဲ့ ပြိုင်ပွဲတွေကို စက်ဘီးဝါသနာရှင်အတော်များများ အလွတ်ရနေပေမဲ့ UCI အသိအမှတ်ပြု Pro စက်ဘီးအသင်းတခုဖြစ်အောင် ဘယ်လို အဆင့်ဆင့်ကြိုးစားရတယ်ဆိုတာကိုတော့ သိသူအတော်နည်းမယ် ထင်ပါတယ်။ (စာရေးသူကိုယ်တိုင်လဲ အခုမှ လေ့လာဆဲ)


၂၀၁၆ အတွက် UCI အသိအမှတ်ပြု စက်ဘီးအသင်း ၁၈ သင်းပဲ ရှိပါတယ်။ အဲဒီထဲက နာမည်ကြီးအသင်းတခုဖြစ်တဲ့ (လက်ရှိ ကမ္ဘာ့ချန်ပီ ယံ ပီတာ ဆာဂန်ဝင်စီးနေတဲ့) Tinkoff team အသင်းကို ရှေ့နှစ်ကျရင် ဖျက် တော့မယ်၊ ဒါမှမဟုတ် ရောင်းထုတ်တော့မယ်ဆိုပြီးလည်း သတင်းတွေထွက် နေပါတယ်။


ဒီနေလိုသတင်းမျိုးစုံထွက်နေစဉ် ဒီနေ့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မှာကျင်းပ တဲ့ သတင်းစာရှင်းပွဲတခုမှာတော့ စက်ဘီးအသင်းအသစ်တခုကို လာမဲ့ ၂၀၁၇ မှာ ထူထောင်မယ်လို့ တချိန်က Tinkoff team ရဲ့မန်နေဂျာလုပ်ဖူးသူ Bjarne Riis ကကြေညာလိုက်ပါတယ်။ သူနဲ့အတူ Lars Seier Christensen လဲ ပါ ၀င်မှာဖြစ်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့သတင်းပတ် အိုမန်မှာကျင်းပတဲ့ Tour of Oman ပွဲအတွင်း ထွက်ပေါ်ခဲ့တဲ့ ဘာရိန်မင်းသားကြီးက စက်ဘီးအသင်းတခု ထောင်မယ်လို့ ပြောတဲ့အသင်းနဲ့ တခုတည်းလား။ သီးခြားစီလား ဆိုတာကိုတော့ Riis က ငြင်းဆိုခြင်း၊ အတည်ပြုခြင်း မလုပ်ခဲ့ပါဘူး။

အထက်ဖေါ်ပြပါ ပုဂ္ဂိုလ် ၂ ဦးစလုံးဟာ မနှစ်ကအထိ Tinkoff team အသင်းကို စပွန်ဆာပေးခဲ့တဲ့ Saxo Bank ရဲ့ အဆင့်မြင့်အရာရှိတွေဖြစ်ပါတယ်။ Riis/Seier လို့အမည်ပေးထားတဲ့ သူတို့ ၂ ဦးပိုင် စီးပွါးရေးလုပ်ငန်းတခုကို ထူထောင်ထားပြီး စက်ဘီးနဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံ့မှုတွေ ဆောင်ရွက်နေပြီ လို့ပြောပါတယ်။
အခုချိန်မှာတော့ စံချိန်မီအသင်းတခုဖြစ်လာရေးအတွက် ဆက်စပ်သူအားလုံး နဲ့ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပါတယ်။ ၂၀၁၈ မှာ စတင်ဝင်ပြိုင်နိုင်ပါလိမ့်မယ်၊ အခြေခံခိုင်ဖို့ကအရေးကြီးပါတယ် ဆိုပြိး Bjarne Riis ပြောဆိုခဲ့ပါတယ်။
....

UCI အသိအမှတ်ပြု ၁၈ သင်းကတော့...
The 18 confirmed WorldTour teams for 2016
1-Ag2r La Mondiale
2-Astana Pro Team
3-BMC Racing Team
4-Cannondale Pro Cycling Team
5-Dimension Data
6-Etixx-QuickStep
7-FDJ
8-IAM Cycling
9-Lampre-Merida
10-Lotto Soudal
11-Movistar Team
12-Orica-GreenEdge
13-Team Giant-Alpecin
14-Team Katusha
15-Team Lotto NL-Jumbo
16-Team Sky
17-Tinkoff
18-Trek Factory Racing တို့ဖြစ်ပါတယ်။
....
ဆီမီး ပရိုကတော့ ၁၉ သင်းရှိပါတယ်။
The 19 confirmed Professional Continental teams for 2016
1-Androni Giocattoli
2-Bora-Argon 18
3-Caja Rural-Seguros RGA
4-Cofidis, Solutions Credits
5-Cult Energy-Stölting Group
6-Delko Marseille Provence KTM
7-Drapac Professional Cycling
8-Fortuneo-Vital Concept
9-Funvic Soul Cycles-Carrefour
10-Nippo-Vini Fantini
11-ONE Pro Cycling
12-Roompot Oranje Peloton
13-Roth-Skoda
14-Rusvelo
15-Team Novo Nordisk
16-Topsport Vlaanderen-Baloise
17-UnitedHealthcare Professional Cycling Team
18-Verva Activejet Pro Cycling Team
19-Wanty-Groupe Gobert ။ ။

No comments:

Post a Comment