Thursday, March 3, 2016

Ruta del Sol ပွဲ Alejandro Valverde ဗိုလ်စွဲ...။



Ruta del Sol ပွဲ Alejandro Valverde ဗိုလ်စွဲ...။
...
စပိန်နိုင်ငံ မြေထဲပင်လယ်ဖက်မှာ ၅ ရက်ကြာကျင်းပခဲ့တဲ့ (တပြိုင်တည်း ၃ ပွဲဖြစ်နေလို့ ဒီပွဲကို မထမပိုင်း ၄ ရက်စလုံး မတင်ပြဖြစ်ခဲ့ပါ) Ruta del Sol ပွဲရဲ့ နောက်ဆုံးနေ့ တောင်တက်ပွဲ (San Roque မှ Alto Penas Blancas အထိ) 164.2 km မှာ Alejandro Valverde Belmonte (Spa) Movistar Team က 4:46:51 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။


သူ့နောက်မှာတော့ Bauke Mollema (Ned) Trek-Segafredo က 0:00:36 စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ Rafal Majka (Pol) Tinkoff Team က 0:00:42 စက္ကန့်နောက်ကျနဲ့ တတိယ ရပါတယ်။
Alejandro Valverde Belmonte ဒီနေ့အတွက် ပထမ ရတဲ့အပြင် အရင်နေ့ တွေကလည်း အနီရောင်အကျီနောက်မှာ ကပ်လိုက်နေတာကြောင့် အားလုံး ကိုကျော်ဖြတ်ပြီး အနီရောင်အကျီကိုပါ သိမ်းပိုက်နိုင်လိုက်ပါတယ်။
မနေ့ကအထိ အနီရောင်ရထားတဲ့ အမေရိကန်မှ နာမည်ကြီး GC ဆရာကြီး တဦးဖြစ်သူ Tejay Van Garderen (USA) BMC Racing Team က ဒုတိယ နဲ့ ကျေနပ်လိုက်ရပါတယ်။
သူတို့ ၂ ဦးရဲ့ခြေစွမ်းကို မနှစ်က တိုးဒီဖရင့်ကြည့်ဖူးသူတိုင်း သိပြီးဖြစ်နိုင်ပါ တယ်။ ဒါဟာ Alejandro Valverde Belmonte (Spa) Movistar Team အတွက် ၂၀၁၆ ပွဲဦးထွက် နိုင်ပွဲလည်းဖြစ်ပါတယ်။


၅ ရက်တာပွဲအပြီး ၁-၁၀ ရသွားတဲ့ GC သမားတွေကတော့...
General Classification
# Rider Name (Country) Team Result
1 Alejandro Valverde Belmonte (Spa) Movistar Team 17:41:10
2 Tejay Van Garderen (USA) BMC Racing Team 0:00:26
3 Bauke Mollema (Ned) Trek-Segafredo 0:00:52
4 Wilco Kelderman (Ned) Team Lottonl-Jumbo 0:00:56
5 Rafal Majka (Pol) Tinkoff Team 0:01:11
6 Roman Kreuziger (Cze) Tinkoff Team 0:01:37
7 Wouter Poels (Ned) Team Sky 0:01:42
8 Brent Bookwalter (USA) BMC Racing Team 0:02:03
9 Daniel Navarro Garcia (Spa) Cofidis, Solutions Credits 0:02:14
10 Mikel Nieve Ituralde (Spa) Team Sky 0:02:45 တို့ ဖြစ်ပါတယ်။ ။

No comments:

Post a Comment