Saturday, March 5, 2016

Strade Bianche 2016 ပွဲမှာ Peter Sagan ပထမ ရနိုင်သလား...။

Strade Bianche 2016 ပွဲမှာ Peter Sagan ပထမ ရနိုင်သလား...။
...
ဒီနေ့ (စနေနေ့ နေ့လည်) ကျင်းပမဲ့ အီတလီနိုင်ငံက Strade Bianche 2016 ပွဲမှာ အနိုင်ရအောင်စီးဖို့ သူ့အပေါ် ဖိအားပေးမှုတွေရှိနေတယ်ဆိုတဲ့ပြောဆို ချက်ကို Peter Sagan ကငြင်းဆိုလိုက်ပါတယ်။ 


ပွဲမကျင်းပခင် တရက်အလို အမျိုးသမီးကမ္ဘာ့ချန်ပီယံ Lizzie Armitstead နဲ့ အတူကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း သူက အခုလိုပြောသွားတာပါ။ ပြီးခဲ့ တဲ့သီတင်းပတ်က ဘယ်လဂျီယံမှာကျင်းပတဲ့ Spring Classics ၂ ပွဲအတွင်း သူဟာ ဒုတိယနဲ့ နံပတ် ၆ နေရာတွေသာရအပြီး ဒီလိုဝေဖန်မှုတွေ ထွက်ပေါ် လာတာပါ။


''ဘလဂျီယံပွဲက ခြေစမ်းပွဲပါ၊ ကျနော်ရဲ့ form အခြေအနေအတော်ကောင်းပါ တယ်။ ဒါပေမဲ့ ကျနော်နိုင်မယ်လို့ သေချာပေါက်မပြောနိုင်ပါဘူး'' ဆိုပြီး ဆာဂန်က ပြောပါတယ်။ မနက်ဖြန်ပွဲမှာ အကောင်းဆုံးဖြစ်အောင် ကျနော် ကြိုးစားမှာပါ၊ စောင့်ကြညပါ ဆိုပြီးလည်း သူကပြောခဲ့ပါတယ်။
၂၀၀၈ ခုနှစ်တုန်းက အငယ်တန်း European နဲ့ World Champion mountain biker ဆုရခဲ့သူ ဆာဂန်ဟာ cyclo-cross race ကိုလည်းကျွမ်း ကျင်တာကြောင့် မနက်ဖြန်ပွဲဟာ သူအတွက် အသင့်တော်ဆုံးပွဲတခုဖြစ် တယ်လို့ အကဲခတ်တွေကပြောပါတယ်။

ဆာဂန်ကတော့ မနက်ဖြန်ပွဲဟာ Tour of Flanders နဲ့ Paris-Roubaix ပွဲတွေ လို အထူး Spring Classics ပွဲတွေဖြစ်တဲ့အတွက် ခက်ခက်ခဲခဲပြိုင်ရနိုင်တယ် လို့ပြောပါတယ်။ 
"ဒါပေမဲ့ ပြသာနာက ခင်ဗျားမှာ သက်တန့်ရောင်အကျီ (ကမ္ဘာ့ချန်ပီယံအကျီ) ရှိနေပြီဆိုရင် ပုန်းကွယ်နေဖို့မလွယ်တော့ပါဘူး" ဆာဂင်ကပြောပါတယ်။ ဆို လိုတာကတော့ တာဝေးပွဲတွေရဲ့သဘောတရားအရ သူများနောက်မှာပုန်းပြီး လေခိုစီးနိုင်လေ ကောင်းလေပါ။
ဒါပေမဲ့ ဒီအကျီနဲ့ဆို လူတိုင်း (အထူးသဖြင့် တိဗွီ ကင်မရာသမားတွေ) က သတိထားမိတာကြောင့် အဲဒီလို လေခိုစီးဖို့မလွယ် တော့တဲ့သဘော၊ နေရာ အတော်များများမှာ ဦးဆောင်ပြီး ရှေ့တက်စီးရတဲ့ အတွက် အားကုန်ပြီး တကယ့်ပန်းဝင်ချိန်မှာ Sprint တင်ဖို့ စွမ်းအင်မကျန် တော့တဲ့သဘောမျိုး သူကပြောသွားပါတယ်။

176km ရှည်တဲ့လမ်းဟာ ဖုန်ထူပြီး ညစ်ပတ်တဲ့အပြင် ကျောက်စရစ်လမ်း ကြမ်း၊ ကျောက်တုံးခင်းလမ်းကြမ်းနဲ့ ကုန်းအတက် အဆင်းတွေ၊ လမ်းကျဉ်း တွေလည်းအများကြိးပါဝင်မှာဖြစ်ပါတယ်။ 
ဒီပွဲမှာ ဆာဂန်နဲ့အတူ မနှစ်က ပထမ ရထားသူ Zdenek Stybar (Etixx-Quickstep)၊ Classics ဆရာကြီး Fabian Cancellara (Trek-Segafredo), Greg Van Avermaet (BMC) နဲ့ အသင်းပေါင်း 18 သင်းက ကမ္ဘာ့အကျော် အမော်စက်ဘီးသမား ၁၅၀ ကျော် ၀င်ပြိုင်ကြရှိနေပါတယ်။
Euro Sport ကလဲ LIVE လွင့်ပေးမှာဖြစ်တဲ့အတွက် စက်ဘီးပရိသတ် အပေါင်း စောင့်မျှော်အားပေးနိုင်ပါကြောင်း ကြိုတင်သတင်းကောင်းပါးလိုက် ပါတယ်။ ။
......

(အီတလီက ဒီပွဲပြိးရင် တနင်္ဂနွေနေ့မှာတော့ ပြင်သစ်မှာ Paris - Nice 2016 သီတင်းတပတ်ကြာ တာဝေးပွဲကြီးတခု စတင်ဖို့ရှိနေပါတယ်။ ၆ ရက်နေ့ကနေ ၁၃ ရက်နေ့အထိကြာမဲ့ ဒီပွဲမှာတော့ GC ဆရာကြီးတွေဖြစ်တဲ့ စပိန်မှ Alberto Contador၊ သြစီမှ Richie Porte၊ ဗြိတိန်မှ Geraint Thomas (Team Sky)၊ Luis Leon Sanchez၊ Romain Bardet, Tom Dumoulin Simon Yates တို့ပါဝင် မှာဖြစ်ပါတယ်။
တာတိုဘုရင်တွေထဲမှာတော့ Marcel Kittel, Nacer Bouhanni, Alexander Kristoff နဲ့ Michael Matthews တို့ပါဝင်မှာဖြစ်ပါတယ်။ ရှေ့တပတ် ၉-၁၅ မှာတော့ အီတလီမှာ တာဝေးပွဲတခုရှိနေပြန်ပါတယ်။ Tirreno-Adriatico 2016 ပွဲကို GC ဆရာကြီးတွေဖြစ်တဲ့ အီတလီက နာဘာလီ၊ တာတို ဘုရင်တွေထဲက ဆာဂန်နဲ့ ကာဗင်းဒစ်တို့ ပါဝင်မယ်လို့ သိထားရပါတယ်။)။

No comments:

Post a Comment