Thursday, March 3, 2016

ဒီတပတ် ဘာပွဲတွေရှိသလဲ...။

ဒီတပတ် ဘာပွဲတွေရှိသလဲ...။
...
ပြီးခဲ့တဲ့ စနေ-တနင်္ဂနွေက အနောက်ဥရောပရဲ့ ကွင်းဖွင့်ပွဲအဖြစ် ဘလဂျီယံ နိုင်ငံမှာ ကီလိုမီတာ ၂၀၀ ကျော်ရှိ Omloop Het Nieuwsblad နဲ့ Kuurne-Brussel-Kuurne နွေဦးအထူး Spring Classics ပွဲတွေကျင်းပ ခဲ့ပါတယ်။








ဒီတပတ်မှာကော ဘာပွဲတွေရှိမလဲ။ လောလောဆယ်တော့ လန်ဒန်မြို့က အိုလံပစ်ကွင်းထဲမှာ UCI Track World Championships ကွင်းတွင်းပွဲ ကျင်း ပနေပြီး တနင်္ဂနွေမှာပြီးစီးမှာဖြစ်ပါတယ်။
လမ်းပေါ်ပွဲအနေနဲ့ကတော့ ပြီးခဲ့တဲ့အပတ် ဘလဂျီယံပွဲမှာ ခြေစွမ်းပြသွားတဲ့ ကမ္ဘာချန်ပီယံ ပီတာဆာဂန် အပါဝင် နာမည်ကြီးအတော်များများဟာ စနေနေ့ မှာစတင်မဲ့ အီတလီက Strade Bianche 2016 ပွဲကို ၀င်ဖို့ရှိနေပါတယ်။ Tuscany ကနေ Piazza del Campo အထိ ၁၇၆ ကီလိုမီတာကို ယှဉ်ပြိုင်ရ မှာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အမျိုးသမီးတွေကလည်း 121km ပွဲကို ၀င်ပြိုင်ဖို့ရှိနေပါ တယ်။ ဒါက စနေမှာကျင်းပမဲ့ အီတလီနိုင်ငံက Spring Classics ပါ။
တနင်္ဂနွေမှာတော့ ပြင်သစ်မှာစတင်မဲ့ Paris - Nice 2016 သီတင်းတပတ် ကြာ တာဝေးပွဲကြီးတခု ရှိနေပါတယ်။ ၆ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကြာ မဲ့ ဒီပွဲမှာတော့ GC ဆရာကြီးတွေဖြစ်တဲ့ စပိန်မှ Alberto Contador၊ သြစီမှ Richie Porte၊ ဗြိတိန်မှ Geraint Thomas (Team Sky)၊ Luis Leon Sanchez၊ Romain Bardet, Tom Dumoulin Simon Yates တို့ပါဝင် မှာဖြစ်ပါတယ်။
တာတိုဘုရင်တွေထဲမှာတော့ Marcel Kittel, Nacer Bouhanni, Alexander Kristoff နဲ့ Michael Matthews တို့ပါဝင်မှာဖြစ်ပါတယ်။ 
ရှေ့တပတ် ၉-၁၅ မှာတော့ အီတလီမှာ တာဝေးပွဲတခုရှိနေပြန်ပါတယ်။ Tirreno-Adriatico 2016 ပွဲကို GC ဆရာကြီးတွေဖြစ်တဲ့ အီတလီက နာဘာလီ၊ တာတိုဘုရင်တွေထဲက ဆာဂန်နဲ့ ကာဗင်းဒစ်တို့ ပါဝင်မယ်လို့ သိထားရပါတယ်။

No comments:

Post a Comment