Thursday, March 3, 2016

Tour of Qatar စုစည်းချက်။

Tour of Qatar ပထမနေ့ Cavendish အနိုင်ရ...။
...
ကာတာမှာ ဒီနေ့စတင်တဲ့ ၅ ရက်ကြာစက်ဘီးပွဲ ပထမနေ့ Dukhan - Al Khor Corniche 176 km မှာ နာမည်ကြီး Mark Cavendish (GBr) Dimension Data က 3:28:46 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Sacha Modolo (Ita) Lampre - Merida နဲ့ Andrea Guardini (Ita) Astana Pro Team တို့က ဒုတိယနဲ့ တတိယ ရပါတယ်။


ကာဗင်းဒစ်ဟာ ပြီးခဲ့တဲ့အပတ် ဒူဘိုင်းပွဲမှာကတည်းက ပထမ ရမယ်လိုလိုနဲ့ ခြေချော်လက်ချော်ဖြစ်သွားပုံရပါတယ်။
ဒါပေမဲ့ ဒီနေ့ပွဲ နောက်ဆုံးကီလိုမီတာကို ဦးဆောင်စီးသွားသူဟာ နော်ဝေးက နာမည်ကြီး Kristoff နဲ့ Boasson Hagen တို့ဖြစ်ပါတယ်။ အခြေအနေအရ တင်တာစောသွားလို့ မာခ် ရဲ့ ကပ်တီးခြင်းကို နော်ဝေးတွေခံလိုက်ရတာဖြစ်ပါတယ်။
တရက်တာပွဲအပြီး ၁-၁၀ ရထားသူတွေကတော့..
General Classification after stage 1
# Rider Name (Country) Team Result
1 Mark Cavendish (GBr) Dimension Data 3:28:31
2 Sacha Modolo (Ita) Lampre - Merida 0:00:08
3 Andrea Guardini (Ita) Astana Pro Team 0:00:11
4 Alexander Kristoff (Nor) Team Katusha 0:00:12
5 Viacheslav Kuznetsov (Rus) Team Katusha 0:00:13
6 Greg Van Avermaet (Bel) BMC Racing Team 0:00:14
7 Sam Bennett (Irl) Bora-Argon 18 0:00:15
8 Edvald Boasson Hagen (Nor) Dimension Data
9 Manuel Quinziato (Ita) BMC Racing Team
10 Arnaud Gerard (Fra) Fortuneo - Vital Concept တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Katara Cultural Village ကနေ Qatar University အထိ 135 km ကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
......
Tour of Qatar ဒုတိယနေ့ Kristoff ပြန်နိုင်...။
...
ကာတာမှာ မနေ့ကစတင်တဲ့ ၅ ရက်ကြာစက်ဘီးပွဲ ဒုတိယနေ့ (Katara Cultural Village ကနေ Qatar University အထိ) 135 km ပြိုင်ပွဲမှာ နော်ဝေးမှ နာမည်ကြီး တာတိုဘုရင် Alexander Kristoff (Nor) Team Katusha က 3:11:26 နာရီနဲ့ ပထမ ရသွားပါတယ်။

ခရစ်စတော့ဟာ မနေ့ကတည်းက ပထမရနိုင်ခြေရှိရဲ့သားတဲ့ တင်တာနဲနဲ စောသွားလို့ Cavendish ရဲ့ ကပ်တီးခြင်းကိုခံလိုက်ရပြီး နံပတ် ၅ ဖြစ်သွားတာပါ။ အဲဒီအမှားကို ဒီနေ့ပြန်ပြင်နိုင်တဲ့အတွက် သူတို့နှစ်ဦးရဲ့ Sprint ဟာ တကယ့်ကိုအကြိတ်အနယ်ရှိလှပြီး ပန်းဝင်ချိန်အထိ ဘယ်သူ ပထမ ရမှန်း မသိပါ။
နောက်ဆုံး ပန်းဝင်ဓာတ်ပုံအဆုံးအဖြတ်နဲ့ ခရစ်စတော့က နှာတဖျားအသာနဲ့ ကပ်ပြီးနိုင်၊ (စက်ဘီးသတင်းသမားတွေရဲ့အသုံးနှုန်းအတိုင်းဆိုရင် ပန်းဝင်စည်း အပေါ် စက်ဘီးကို ပစ်တင်နိုင်မှုကွက်တိဖြစ်ခြင်း) သွားတာဖြစ်ပါတယ်။
ဒီနေ့အတွက်ပထမ ဆုံး Sprint တင်သူကတော့ နောက်ထပ် နော်ဝေးက နည်မည်ကြီး GC သမားတဦးဖြစ်သူ Edvald Boasson Hagen (Nor) Dimension Data ဖြစ်ပါတယ်။ ထုံးစံအတိုင်း အရင်ဆုံး စပရင့်တင်သူတွေ ဟာ နံပတ် ၅ ဖြစ်သွားပြန်ပါတယ်။
ဒီနေ့ပွဲမှာ တတိယနဲ့ စတုတ္တရသူတွေကတော့ Roy Jans (Bel) Wanty - Groupe Gobert နဲ့ Greg Van Avermaet (Bel) BMC Racing Team တို့ ဖြစ်ပါတယ်။
ဒီလို စပရင့်မတင်ခင် ပန်းဝင်ဖို့ မီတာ ၄၀၀ ခန့်အလိုမှာကြီးမားတဲ့ လဲပြိုမှု တခု ဖြစ်ခဲ့တာကလဲ ပြသာနာပါပဲ။ မနေ့က အကောင်းဆုံးလူငယ်ဆု ရထား သူအပါဝင် အတော်များများ ဒဏ်ရာရသွားကြပါတယ်။
၂ ရက်တာပွဲအပြီး ၁-၁၀ ရထားသူတွေကတော့...
General Classification after stage 2
# Rider Name (Country) Team Result
1 Mark Cavendish (GBr) Dimension Data 6:39:51
2 Alexander Kristoff (Nor) Team Katusha 0:00:05
3 Sacha Modolo (Ita) Lampre - Merida 0:00:14
4 Andrea Guardini (Ita) Astana Pro Team 0:00:17
5 Edvald Boasson Hagen (Nor) Dimension Data 0:00:18
6 Viacheslav Kuznetsov (Rus) Team Katusha
7 Greg Van Avermaet (Bel) BMC Racing Team 0:00:20
8 Arnaud Gerard (Fra) Fortuneo - Vital Concept 0:00:21
9 Sven Erik Bystrøm (Nor) Team Katusha
10 Manuel Quinziato (Ita) BMC Racing Team တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Lusail ကနေ Lusail အထိ 11 km ကို (ITT) တဦးချင်း စံချိန်ပြုစီးကြရမှာဖြစ်ပါတယ်။ ။
.....
Tour of Qatar တတိယနေ့ နော်ဝေးတွေ ဆက်လက်ဗိုလ်စွဲ...။
...
ကာတာမှာ ၅ ရက်ကြာ ကျင်းပနေတဲ့ Tour of Qatar တတိယနေ့ (Lusail ကနေ Lusail အထိ 11 km) တဦးချင်းစံချိန်ပြုပွဲ (ITT) မှာ နော်ဝေမှ နာမည် ကြီး GC သမားတဦးဖြစ်သူ Edvald Boasson Hagen (Nor) Dimension Data က 0:13:26 မီနစ်နဲ့ ပထမ ရသွား ပါတယ်။


Jos Van Emden (Ned) Team LottoNl-Jumbo က 0:00:25 စက္ကန့်နောက် ကျပြီး ဒုတိယနဲ့ Manuel Quinziato (Ita) BMC Racing Team က 0:00:29 စက္ကန့်နောက်ကျပြီး တတိယ ရသွားပါတယ်။
Boasson Hagen ဟာ ပြီးခဲ့တဲ့ ၂ ရက်စလုံး နံပတ် ၅ နေရာကနေ ပန်းဝင် ထားသူဖြစ်ပြီး အ၀ါရောင်အကျီပိုင်ရှင် Cavendish နဲ့ ၁၈ စက္ကန့်ကွာနေပါ တယ်။ ဒီနေ့ သူ စံချိန်ကောင်းကောင်းနဲ့ ပထမ ရလိုက်တဲ့အတွက် ၃ ရက် ပေါင်း ပထမ သို့မဟုတ် ကာဗင့်ဒစ်ကို ၂၆ စက္ကန့်အထိပြန်ဖြတ်ပြီး အကျီအ၀ါ ကိုပါ ရရှိသွားခဲ့ပါတယ်။
၃ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 3
# Rider Name (Country) Team Result
1 Edvald Boasson Hagen (Nor) Dimension Data 6:53:35
2 Mark Cavendish (GBr) Dimension Data 0:00:26
3 Manuel Quinziato (Ita) BMC Racing Team 0:00:32
4 Greg Van Avermaet (Bel) BMC Racing Team 0:00:34
5 Alexander Kristoff (Nor) Team Katusha 0:00:45
6 Søren Kragh Andersen (Den) Team Giant-Alpecin 0:00:48
7 Sven Erik Bystrøm (Nor) Team Katusha 0:01:02
8 Sam Bennett (Irl) Bora-Argon 18 0:01:07
9 Viacheslav Kuznetsov (Rus) Team Katusha 0:01:10
10 Michael Schär (Swi) BMC Racing Team 0:01:15 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Al Zubarah Fort ကနေ Madinat Al Shamal အထိ 189 km ကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီနေ့ အ၀ါရောင်ရထားတဲ့ ဟာဂင်ဟာ တာဝေးအားကောင်းတဲ့ GC သမားဖြစ်တာနဲ့အညီ မနက်ဖြန်ပွဲ ပြီး တဲ့အထိ အ၀ါရောင်အကျီကို ဆက်ထိမ်းထားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါ တယ်။ ။
....
အသင်းဖေါ်တွေရဲ့ Boasson Hagen အပေါ် အမြင်...။
...
သတင်းတွေဆက်ဖတ်ရင်းနဲ့ Boasson Hagen အပေါ် အသင်းဖေါ်အသစ် (ဒိနှစ်မှ Etixx-QuickStep ကနေ Dimension Data အသင်းဆီပြောင်းလာသူ၊ ဒါပေမဲ့ သူတို့နှစ်ဦးဟာ အရင်က HTC နဲ့ Sky မှာ အတူစီးခဲ့ဖူး) Mark Cavendish နဲ့ တနိုင်ငံတည်းသား Alexander Kristoff တို့ရဲ့အမြင်ကို တင်ပြ ချင်စိတ်ပေါ်လာပါတယ်။
သူဟာ HTC မှာ အတူစီးစဉ်တုန်းကလိုပဲ တက်ကြွဖြတ်လတ်နေဆဲပါ။ Sky မှာ တုန်းကတော့ သူဟာ ဦးဆောင်စီးနင်းတဲ့နေရာကိုပေးအပ်ခြင်းမခံရပဲ သူများကို ထောက်ပံ့တဲ့နေရာမှာသာတာဝန်အပေးခံခဲ့ရတာကြောင့် ခြေသိပ်မပေါ်တဲ့သ ဘောမျီုး ကားဗစ်ဒစ်က ထောက်ပြပါတယ်။
၃-၄ နှစ်ကွဲနေရာကနေ အခုတသင်းတည်းပြန်တွေ့ရတဲ့အချိန်မှာ ဟာဂင်ဟာ အတော်တည်ငြိမ်ရင့်ကျက်လာပြီး ဦးဆောင်မှုအခန်းကို တာဝန်ယူနိုင်သူ၊ တသင်းလုံးအတွက် ဘယ်လိုဦးဆောင်စီးရမယ်ဆိုတာကို သိလာသူ။ တာဝန် သိတဲ့အသင်းခေါင်းဆောင်တဦးအဖြစ် ကားဗစ်ဒစ်က ချီးကျုးပြောဆိုခဲ့ပါတယ်။
အလားတူ တနိုင်ငံတည်းက ပြိုင်ဖက်ဖြစ်တဲ့ ခရစ်စတော့ကလဲ ဟာဂင်ဟာ ခြေ စွမ်းထက်သူဖြစ်ပြီး Sky အသင်းမှာတုန်းက ဦးဆောင်အခန်းကိုမပေးတဲ့ အ တွက် ခြေပေါ်ခွင့်မရတဲ့သဘောပြောပါတယ်။
ဟာဂင် ကိုယ်တိုင်ကတော့ စကားကိုမပွင့်တပွင့်သာပြောပြီး အမြဲတန်ြး့ပုံးနေ တတ်လို့ မောင်ပြုံးချို အဖြစ် စာရေးသူက အမည်ပေးထားပါတယ်။ သူကိုယ် တိုင်ရဲ့အဖြေကတော့ လာမဲ့ နွေဦး အထူးပွဲတွေ Spring Classis ကို အလေး ထားပြီး အဲဒီထဲက အနည်းဆုံးတပွဲနိုင်အောင်လုပ်မယ်၊ ဒါပေမဲ့ စောင့်ကြည့် ပါဦးလို့ပြောဆိုခဲ့ပါတယ်။ ။
......
Tour of Qatar ၄ ရက်မြောက်နေ့ Kristoff ပြန်နိုင်...။
...
(Boasson Hagen က တာယာနှစ်လုံးစလုံးပေါက်လို့ ဒုက္ခရောက်)
...
ကာတာမှာ ၅ ရက်ကြာ ကျင်းပနေတဲ့ Tour of Qatar ၄ ရက်မြောက်နေ့ (Al Zubarah Fort ကနေ Madinat Al Shamal အထိ) 189 km ပွဲမှာ နော်ဝေမှ နာမည်ကြီး တာတိုဘုရင် Alexander Kristoff (Nor) Team Katusha က 3:57:12 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Greg Van Avermaet (Bel) BMC Racing Team နဲ့ Jacopo Guarnieri (Ita) Team Katusha တို့က ဒုတိယနဲ့ တတိယအဖြစ် ကပ်လျက်ပန်းဝင်ပါတယ်။ Sam Bennett (Irl) Bora-Argon 18 နဲ့ Mark Cavendish (GBr) Dimension Data တို့က နံပတ် ၄ နဲ့ ၅ ဖြစ်သွားပါတယ်။
ဒါပေမဲ့ Mark Cavendish ဟာ မနေ့က တဦးချင်းစံချိန်ပြုပွဲမှာ ၂၆ စက္ကန့် နောက်ကျပြီး GC ပထမ နေရာကကို တသင်းတည်းကအသင်းဖေါ် နော်ဝေ သား Edvald Boasson Hagen (Nor) ခဏပေးခဲ့ရာကနေ ဒီနေ့ ပထမ နေ ရာဆီပြန်ရောက်လာပါတယ်။
Edvald Boasson Hagen (Nor) ကတော့ ဒီနေ့ပွဲမှာအခြေအနေမကောင်းပဲ (နော်ဝေး တီဗွီ မှာ မြင်လိုက်ရတဲ့တကွက်ပုံအရဆိုရင် နောက်ဆုံးကီလိုမီတာမှာ ဘီးပေါက်လို့ အသင်းဖေါ် တဦးဆီက ဘီးကိုလှလှယ်စီးရင်းနဲ့ နောက်ကျကျန်ခဲ့) ဒုတိယ အုပ်စုမှာ ပြတ်ကျန်ခဲ့ပါတယ်။ ဒါကြောင့် ပထမ ရသူ ကားဗင်းဒစ်နဲ့ ၁၉ စက္ကန့်အထိပြတ်သွားတဲ့အတွက် မနက်ဖြန်မှာ GC ပထမ ပြန်ရဖို့ သိပ်မလွယ် တော့ပါ။
...
(နောက်ဆုံးသိရတဲ့သတင်းတွေအရ သူဟာ နောက်ဆုံးပန်းဝင်ဖို့ ၈ ကီလိုမီတာ အတွင်း ဘီးပေါက်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ရှေ့ဘီးကိုအမြန်လဲပြီး အုပ်စုကိုအမီ လိုက်နိုင်ခဲ့ပေမဲ့ သိပ်မကြာခင်မှာ နောက်ဘီးပါ ပေါက်နေတာကို သိလိုက်ရ တယ်လို့ဆိုပါတယ်။
ဒီတကြိမ်မှာတော့ လဲမနေတော့ပဲ အသင်းဖေါ်တဥိးစီးက ဘီးကိုယူပြီး အုပ်စုကို မီအောင်ပြန်လိုက်ပေမဲ့ သိပ်နောက်ကျသွားပါတယ်။ ကားဗင်းဒစ်ရဲ့အပြောတိုင်း ဆိုရင် ဟာဂန် ဒီလိုဖြစ်နေတာကို စက်ထဲကနေသတင်းကြားတဲ့ အခြားအသင်း တွေက အရှိန်တင်ပြေးတဲ့အတွက် ဟာဂန် ကံမကောင်းဖြစ်သွားတာလို့ သိရပါ တယ်)။
...
ကားဗင်းဒစ်က ပထမ ရနေတယ်ဆိုပေမဲ့လည်း Van Avermaet က ၂ စက္ကန့် နဲ့ ကပ်လိုက်နေပါတယ်။ တခါ ဒီနေ့ ပထမ ရသူ Kristoff ကလည်း 9 စက္ကန့်ပဲ ပြတ်တာကြောင့် မနက်ဖြန်ပွဲပြီးရင် ဘယ်သူ GC ရွှေရောင်အကျီရမလဲဆိုတာ မသေချာသေးပါ။
ပထမ ပန်းဝင်နိုင်သူဟာ အချိန် Bonus ရနိုင်တဲ့အတွက် မနက်ဖြန်ပွဲမှာ ပထမ ပန်းဝင်သူဟာ (တကယ်လို့ အခုတန်းစိထားတဲ့ ၁-၁၀ ထဲကလူတွေဖြစ်ရင်) တရက်တာပထမအပြင် ၅ ရက်တာ ပထမ ရွှေရောင်အကျီကိုပါ ရသွားနိုင်တဲ့ အခြေအနေရှိနေပါတယ်။
၎ ရက်တာပွဲအပြီး ၁-၁၀ ရထားသူတွေကတော့...
General classification after stage 4
# Rider Name (Country) Team Result
1 Mark Cavendish (GBr) Dimension Data 10:51:13
2 Greg Van Avermaet (Bel) BMC Racing Team 0:00:02
3 Manuel Quinziato (Ita) BMC Racing Team 0:00:06
4 Alexander Kristoff (Nor) Team Katusha 0:00:09
5 Edvald Boasson Hagen (Nor) Dimension Data 0:00:19
6 Søren Kragh Andersen (Den) Team Giant-Alpecin 0:00:30
7 Sam Bennett (Irl) Bora-Argon 18 0:00:41
8 Sven Erik Bystrøm (Nor) Team Katusha 0:00:49
9 Viacheslav Kuznetsov (Rus) Team Katusha 0:00:50
10 Michael Schär (Swi) BMC Racing Team 0:00:58 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ နောက်ဆုံးနေ့အဖြစ် Sealine Beach Resort ကနေ Doha Corniche အထိ 114 km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။
...
Tour of Qatar ၅ ရက်တာပွဲမှာ Cavendish ရွှေရောင်အကျီယူသွားပြီ...။
...
ကာတာမှာ ၅ ရက်ကြာ ကျင်းပနေတဲ့ Tour of Qatar ၅ ရက်မြောက်နေ့ သို့ မဟုတ် နောက်ဆုံးနေ့ (Sealine Beach Resort ကနေ Doha Corniche အထိ) 114 km ပြိုင်ပွဲမှာ နော်ဝေးမှ နာမည်ကြီး တာတိုဘုရင် Alexander Kristoff (Nor) Team Katusha က 2:56:16 နာရီနဲ့ ပထမ ရသွားပါတယ်။


လွတ်လွတ်ကျွတ်ကျွတ်ရသွားတာမျိုးတော့မဟုတ်ပါ။ ဒုတိယနေ့ပွဲစဉ်တုန်းက လိုပဲ Alexander Kristoff (Nor) Team Katusha နဲ့ Mark Cavendish (GBr) Dimension Data တို့ဟာ နောက်ဆုံး မီတာ ၂၀၀ ကို shoulder to shoulder အကြိတ်အနယ် Sprint တင်ပြီး ပန်းဝင်ဓာတ်ပုံ အဆုံးအဖြတ်နဲ့ Kristoff ကို အနိုင်ပေးလိုက်ပါတယ်။
ဒါပေမဲ့ Mark Cavendish (GBr) Dimension Data ဟာ မနေ့ကတည်းက ရွှေရောင်အကျီရထားပြီး ခရစ်တတော့ကို ၉ စက္ကန့်ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒီနေ့ ပထမ ရလို့ ခရစ်စတော့က Bonus ၁၀ စက္ကန့်ရပေမဲ့ ကားဗင်းဒစ်က လည်း ဒုတိယရလို့ ၆ စက္ကန့်အပိုဆိုရပြန်ပါတယ်။ ဒါကြောင့် ကားဗင်းဒစ်က ၅ စက္ကန့်အသာနဲ့ ရွှေရောင်အကျီကို ယူသွားပြီဖြစ်ပါတယ်။
မနေ့က တာယာနှစ်လုံးစလုံးပေါက်လို့ ရွှေရောင်အကျီနဲ့ကပ်လွဲသွားသူ Boasson Hagen (Nor) ကတော့ ဒီနေ့ ပထမ အုပ်စုနဲ့အတူ ပန်းဝင်နိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ မနေ့က ၁၉ စက္ကန့်အထိပြတ်သွားတာကြောင့် ဘယ်လိုမှ ထိပ်ကို ပြန်မရောက်နိုင်တော့ပါ။
၅ ရက်တာပွဲအပြီး ၁-၁၀ ရသွားသူတွေကတော့...
Final general classification after stage 5
# Rider Name (Country) Team Result
1 Mark Cavendish (GBr) Dimension Data 13:47:23
2 Alexander Kristoff (Nor) Team Katusha 0:00:05
3 Greg Van Avermaet (Bel) BMC Racing Team 0:00:08
4 Manuel Quinziato (Ita) BMC Racing Team 0:00:12
5 Edvald Boasson Hagen (Nor) Dimension Data 0:00:25
6 Søren Kragh Andersen (Den) Team Giant-Alpecin 0:00:36
7 Sam Bennett (Irl) Bora-Argon 18 0:00:47
8 Sven Erik Bystrøm (Nor) Team Katusha 0:00:55
9 Viacheslav Kuznetsov (Rus) Team Katusha 0:00:56
10 Michael Schär (Swi) BMC Racing Team 0:01:04 တို့ဖြစ်ပါ တယ်။ ။

No comments:

Post a Comment